Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာမှု သူခိုးကလူပြန်ဟစ်သည့် လုပ်ရပ်ဟု KNU တုံ့ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းမှာ သူခိုးက လူပြန်ဟစ်သည့် လုပ်ရပ်ဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောကြားသည်။

ဩဂုတ်-၂၉၊ ၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းမှာ သူခိုးက လူပြန်ဟစ်သည့် လုပ်ရပ်ဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောကြားသည်။

စစ်ကောင်စီသည် KNU ထန်းချုပ်နယ်မြေရှိ ပြည်သူလူထုများအပါအဝင်နိုင်ငံတဝန်း ပြည်သူနေထိုင်ရာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ကျူးလွန်နေသော်လည်း အာဏာသိမ်းမှုကို လက်မခံဘဲ ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် KNUကို အကြမ်းဖက်အုပ်စုအဖြစ် ဩဂုတ် ၂၈ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

” သူခိုးကနေ လူပြန်ဟစ်နေတဲ့ စကမ(စစ်ကော်မရှင်) အဆင့်ထက် မပိုဘူး။ ဂရုစိုက်စရာ မလိုဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီသည် KNUကို မတရားအသင်းအဖြစ်လည်းကြေညာခဲ့သည်။

ထိုသို့ အကြမ်းဖက်အုပ်စု၊ မတရားအသင်း ကြေညာချက်များ ထုတ်နေသည့် စစ်ကောင်စီသည် ယခု ဩဂုတ် နောက်ဆုံးပတ်၌ပင် KNU နယ်မြေရှိ ပြည်သူများကိုပစ်မှတ်ထား သတ်ဖြတ်၊ ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်များ ကျူးလွန်ခဲ့၍ သံဃာတော်များ အပါအဝင် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့သည်။

KNU တပ်မဟာ(၁) သထုံခရိုင်ကျိုက်ထိုမြို့နယ် ချမ်းမြေ့ရွာ ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင်ကို စစ်ကောင်စီကဩဂုတ် ၂၄ရက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းဗုံးကြဲခဲ့၍ သံဃာတော် ၂ပါး ပျံလွန်တော်မူကာ သံဃာတော် ၅ပါး ဒဏ်ရာရခဲ့သည်။ ဧပြီလကလည်း ဘီးလင်းမြို့နယ် မင်းစောရွာတွင် ဘုန်းတော်ကြီးများ ဆွမ်းစားချိန် ဆွမ်းစားကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ သံဃာတော်နှင့် ဆွမ်းကပ်လှူသည့် အရပ်သား ပြည်သူများသေဆုံးထိခိုက်မှု ဖြစ်ခဲ့ရသည်။

ဩဂုတ် ၂၅ရက်ကလည်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားရွာနှင့် မိုးရွှေကုန်းရွာမှ ပြည်သူလူထုနေအိမ် ၇၅လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး မိုးရွှေကုန်းရွာသား ၂ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီသည် KNU နယ်မြေအပြင် တအာင်း၊ ရက္ခိုင်စသည့် ဒေသများနှင့် နိုင်ငံတဝန်း အခြားနေရာများ၌လည်း အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ကျူးလွန်ခဲ့၍ အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို