Connect with us

Hi, what are you looking for?

သတင်း

လုံးခင်း​​ဂေါက်ကွင်းအနီးတိုက်ပွဲဖြစ်လို့ ​ဂေါက်ရိုက်​နေသူ​တွေထွက်​ပြေးရ

ဖားကန့်​ဒေသ၊ လုံးခင်းဂေါက်ကွင်းအနီး KIA၊KPDF ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြားယနေ့ ညနေပိုင်းတိုက်ပွဲဖြစ်ပွားတာ​ကြောင့် ဂေါက်ရိုက်နေသူတွေ ထွက်ပြေးခဲ့ရပါတယ်။

သြဂုတ်-၃၀၊၂၀၂၅။လူ​အေး/People’s Spring

ဖားကန့်​ဒေသ၊ လုံးခင်းဂေါက်ကွင်းအနီး KIA၊KPDF ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြားယနေ့ ညနေပိုင်းတိုက်ပွဲဖြစ်ပွားတာ​ကြောင့် ဂေါက်ရိုက်နေသူတွေ ထွက်ပြေးခဲ့ရပါတယ်။

လုံးခင်း ဂေါက်ကွင်း ဘေးမှာရှိနေသူတစ်ဦးက ရိုက်ကူးထားတဲ့ရုပ်သံမှာဆိုရင် တိုက်ပွဲဖြစ်ပြီး ​သေနတ်ပစ်ခတ်သံ​တွေကြားရပြီး​နောက် ဂေါက်ရိုက်နေသူတွေ​ရော၊အနီးကရှိ​နေသူ​တွေပါ လေးဘက်ထောက်ပြေးသူတွေပြေး၊ ဝမ်းလျားမှောက်ဝပ်သူကဝပ်နဲ့ ​ကြောက်လန့်တကြားထွက်​ပြေးကြရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဟာ ဂေါက်ကွင်းရဲ့အောက်ဖက် မလှမ်းမကမ်းမှာ ညနေသုံးနာရီခန့်ကစပြီး ဖြစ်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။တိုက်ပွဲ​ကြောင့်နှစ်ဖက်ထိခိုက်​သေဆုံးမှုရှိ ၊မရှိကို​တော့အ​ခြေအ​နေကို​တော့ မသိရ​သေးပါဘူး။

ပြီးခဲ့သည့်ဇွန်လက ကာမိုင်း – လုံခင်းလမ်းအတိုင်း ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖားကန့်ကို ရောက်ရှိပြီးနောက်လုံးခင်းရော၊ ဖားကန့်မှာပါ တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်နေလို့ လက်နက်ကြီးအန္တရာယ်ကိုသတိပြုကြဖို့ KIA၊KPDF ပူးပေါင်းတပ်က သတိပေးထားပါတယ်။

ဩဂုတ်လ ၂၇ရက်တုန်းက ဖားကန့်ဗျူဟာကုန်း ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာဆွတ်အိန်ယာန်ရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံလေးဦးဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့(သြဂုတ် ၃၀)ညနေ ၅နာရီခန့်မှာလည်းဖားကန့်၊ရွှေညောင်ပင်ဆီဆိုင်ဘေးကိုလက်နက်ကြီးကျရောက်ပေါက်ကွဲလို့အရပ်သားလေးဦးဒဏ်ရာရခဲ့ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook