Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲ၌ မည်သည့်ပူးပေါင်းဆောင်ရွက်မှုမဆို အရေးယူမည်ဟု PDF အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးပြော

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအပေါ် မည်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်သည့်ဖြစ်စေ အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက သတိပေး ပြောကြားလိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား။ ဓာတ်ပုံ − S.O.F

စက်တင်ဘာ−၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအပေါ် မည်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်သည့်ဖြစ်စေ အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက သတိပေး ပြောကြားလိုက်သည်။

ကရင်၊ မွန်၊ တနင်္သာရီ ဒေသအချို့နှင့် ပဲခူးတိုင်း နယ်မြေအချို့၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA)တပ်များ၊ အခြားမဟာမိတ်များဖြင့် စစ်ရေးဖော်ဆောင်နေသည့် အထူးတိုင်း စစ်ဌာန မိတ်ဆက်ခြင်းကဏ္ဍတွင် တိုင်းစစ်ဌာန လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုံး၀ ပြုလုပ်ခွင့်မရနိုင်ကြောင်း အသိပေးခဲ့သည်။

” စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုတာက အတုအယောင်ရွေးကောက်ပွဲ၊ တရားမဝင်တဲ့ရွေးကောက်ပွဲဆိုတာလည်း အားလုံးသိထားဖို့လိုတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်လိုက်ခြင်းအားဖြင့် ကိုယ့် ရဲ့ ဥပမာ မဲပေးလိုက်တယ်ဆိုရင် အဲဒီမဲက ကိုယ့်ဓားနဲ့ ကိုယ့်ပြန်ထိုးသလိုပဲပေါ့။ ကိုယ့်ဘ၀တွေပိုပြီးတော့ နစ်မြောသွားတယ်။ဒီဟာကိုလည်း ပြည်သူလူထုအားလုံး သိစေချင်တယ်ပေါ့ဗျာ။ နောက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ဆိုရင် ကျနော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ဘယ် ပူးပေါင်းဆောင်ရွက်မှုမျိုးမဆိုကျနော်တို့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒီဟာကိုလည်း ပြောလိုပါတယ်” ဟု ရဲဘော်အောင်စံရှား က ပြောကြားသည်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲ အကြောင်းပြု၍ နယ်မြေချဲ့ထွင်သည့် ထိုးစစ်များကိုလည်း နယ်မြေ လုံး၀ မဆုံးရှုံးစေရေး၊ ပြည်သူလူထု လုံခြုံရေးနှင့် အကာအကွယ်ပေးရေးကို ဦးစားပေးသွားမည်ဖြစ်ကြောင်းအထူးတိုင်းစစ်ဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထု ဆန္ဒနှင့်အညီ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။