Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၇ နယ်မြေက စာသင်ကျောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ၊ နော်တခီးကျေးရွာ စာသင်ကျောင်းကို ဒီနေ့ ( စက်တင်ဘာလ ၃ ရက်) မနက်ပိုင်းက စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်က ထုတ် ပြန်လာပါတယ်။

စက်တင်ဘာ – ၃ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ၊ နော်တခီးကျေးရွာ စာသင်ကျောင်းကို ဒီနေ့ ( စက်တင်ဘာလ ၃ ရက်) မနက်ပိုင်းက စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်က ထုတ် ပြန်လာပါတယ်။

အဲဒီကျေးရွာဟာKNUတပ်မဟာ(၇)ထိန်းချုပ်နယ်မြေထဲမှာရှိပြီးတိုက် ခိုက်ခံရတဲ့ကျောင်းကတော့ KNU ရဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD) လက်အောက်ရှိ ကော်သူးလေကျောင်းအမှတ်(၇၀၈၂) နော်တခီးအခြေခံပညာအလယ်တန်းကျောင်း ဖြစ်တယ်လို့ဆိုထားပါတယ်။

ဒီမနက်ပိုင်း၉ နာရီ ၅၀ မိနစ်ခန့်က တိုက်ခိုက်ခံရတာဖြစ်ပြီး ကျောင်းဆရာ ၊ ဆရာမ ၂ ဦးနဲ့ကျောင်းသား ၁ဦး ထိခိုက်ဒဏ်ရာရသလို ကျောင်း ဆောင်လည်း ထိခိုက်ပျက်စီးသွားတ​ယ်လို့ KNU ကအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူရဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနမှူး ပဒိုစောလောအယ်မူးကတော့ စာသင်ကျောင်းအပေါ် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။

နော်တခီးကျေးရွာ ဟာ တိုက်ပွဲတွေဖြစ်ပွားတာမရှိပဲ တိုက်ခိုက်ခံရတာဖြစ်ပြီး အနီးဆုံးမှာရှိတဲ့ စစ်တပ်စခန်းတွေဖြစ်ကြတဲ့ နဘူးအခြေစိုက် ဗျူဟာတပ်ရင်းတွေကနေတဆင့် ဒရုန်းလွှတ်ကာ တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံအချို့က ယူဆနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

Facebook