Connect with us

Hi, what are you looking for?

သတင်း

ထိုးစစ်အချို့အသာစီးရ၍ စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ် AA နှင့်တိုက်ပွဲ အလူးအလဲခံနေရဟု ထုတ်ပြန်

ဆုံးရှုံးထားရသည့်နယ်မြေအချို့၊တပ်စခန်းအချို့ပြန်ရ၍စိတ်ကြီးဝင်နေသည့်စစ်ကောင်စီတပ်များအာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲများအတွင်း အလူးအလဲခံနေရကြောင်းAAကယနေ့ (စက်တင်ဘာ ၅ရက်)တွင်သတင်းထုတ်ပြန်သည်။

■ငဖဲတိုက်ပွဲ စစ်ကောင်စီတပ် အလောင်း၊ လက်နက်များ ချန်ထား၊ ပဲခူး-ရက္ခိုင်အစပ် တိုက်ပွဲပြင်းထန်

စက်တင်ဘာ-၅၊ ၂၀၂၅။ ရှိုင်း/People’s Spring

ဆုံးရှုံးထားရသည့်နယ်မြေအချို့၊တပ်စခန်းအချို့ပြန်ရ၍စိတ်ကြီးဝင်နေသည့်စစ်ကောင်စီတပ်များအာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲများအတွင်း အလူးအလဲခံနေရကြောင်းAAကယနေ့ (စက်တင်ဘာ ၅ရက်)တွင်သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည်ရှမ်းမြောက်ဒေသအတွင်းမှ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည့် တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ၏ နေရာအချို့တွင် ၎င်းတို့သည် အသာစီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီး ဘဝင်မြင့်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယုံကြည်မှုလွန်ကဲနေသော၎င်းတို့၏အနိုင်ရတပ်ဖွဲ့များနှင့်စုဖွဲ့ထားသော တပ်ရင်း၊ စစ်ကြောင်းများအား အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့်စစ်မြေပြင်နေရာများသို့ရွှေ့ပြောင်းကာထိုးစစ်ဆင် တိုက်ခိုက်လာသော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာအရ မယှဉ်သာနိုင်သကဲ့သို့ မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလျက်ရှိကြသည်ဟု AAက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် စစ်ရှုံး၍ စိတ်ဓာတ်ပျက်နေသည့် ၎င်းတို့၏ လက်ကျန်တပ်ဖွဲ့ဝင်များ၊ အတင်းအဓမ္မစုဆောင်းထားသော တပ်ဖွဲ့ဝင်အသစ်များအား စိတ်ဓာတ်မြှင့်တင်ရေးအတွက် ၎င်းတို့၏အားသာချက်ဖြစ်သည့် လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းများနှင့် စစ်အင်အားအများအပြား စုပြုံသုံး ဗျူဟာဖြင့် ၂၀၂၅ မတ်လဆန်းစမှ အရှိန်မြှင့်ကာ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ သိမ်းထားသော စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ် အပါအဝင် စစ်ရေးအရ အရေးပါသောနေရာများကို ပြန်လည်သိမ်းပိုက်ရရှိရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထိုသို့ ထိုးစစ်ဆင်ကာ အချို့သောနေရာများ၌ အောင်မြင်မှု အနည်းငယ်ရရှိခဲ့သည့် စစ်ကောင်စီတပ် စိတ်ကြီးဝင်နေသော်လည်း AAနှင့် တိုက်ပွဲများအတွင်း အထိနာလျက်ရှိကာ မရှုမလှ ပိုင်ရှင်မဲ့အလောင်းများကို ချန်ထားခဲ့ကြရသည့်အပြင် အာရက္ခတပ်တော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေကြသော တိုက်ပွဲများတွင်လည်း ယခင်နည်းတူ ဆက်လက် အထိနာလျက်ရှိဟု ထုတ်ပြန်သည်။

စစ်ကောင်စီ၏ စကခ (၁၇)လက်အောက်ခံ ခမရ (၅၇၄) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ-ဆလအခွဲ (၉၄၄) မှတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သောစစ်ကြောင်းနှင့်အာရက္ခတပ်တော်တို့သည်၂၀၂၅ ခုနှစ်၊စက်တင်ဘာ (၄) ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက်တွင် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။

အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင်လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုးအိတ်အများအပြားကိုထားခဲ့ပြီး စကခ (၁၇) လက်အောက်ခံ တပ်များသည် တပ်လန်ကာဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ၎င်းတို့၏ စကခ (၁၇) အပြင် စကခ (၁၄) မှ တပ်ရင်းများတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်၌ ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာကြသော ရဲဘော်သစ်များဖြင့် စုဖွဲထားသည့် တပ်ရင်းများကို အသုံးပြုကာ ပဲခူးတိုင်းနှင့်အာရက္ခဒေသထိစပ်နေသော နေရာများတွင် အင်အား (၁၅၀၀) ခန့် ထပ်တိုးကာ မရပ်မနား ထိုးစစ်များဆက်လုပ်နေ၍ ပဲခူး-ရက္ခိုင်အစပ် နေရာအချို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိဟု အသိပေးသည်။

မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉) မှာ မိခင်တပ်ရင်းသို့ တပ်နားရန်ရောက်ရှိနေသည်ကိုအမ်း-ပဒါန်း စစ်ဆင်ရေးတွင် အောင်မြင်မှုရခဲ့သည့်သဖွယ် ရှေ့တန်းပြန်အခမ်းအနားများဖြင့်ပြုလုပ်နေသည်မှာ ၎င်းတို့၏ စစ်မြေ ပြင်အရှုံးကို ဖုံးကွယ်ရန်ကြိုးစားခြင်းသာဖြစ်ကြောင်း AAက ထုတ်ပြန် သည်။

အဆိုပါအမှတ် (၉၉)ခြေလျင်တပ်မဌာနချုပ်၊အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့မှ အသက် (၄၆) နှစ်အရွယ်ရှိ ပြန်တမ်းဝင်အမှတ်၊ ကြည်း/၃၃၁၄၄ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်၊ယာယီနည်းဗျူဟာမှူးအား မကွေး တိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ယခုနှစ် ဖေဖော်ဝါရီ ၄ရက် က ၎င်းနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့အား AAက လက်ရဖမ်းမိထားကြောင်း အသိပေးသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ လက်ရှိရင်ဆိုင်ထားကြသော နေရာများထဲမှပဲခူးတိုင်း၊ ပန်းတောင်မြို့နယ် ဆင်လမ်ကျေးရွာအနောက်ဘက်၊ ပဲခူးတိုင်း၊ပန်းတောင်မြို့နယ်၊ ညောင်ကျိုးကျေးရွာ၏အရှေ့မြောက်ဘက် တောင်ကြော၌ လည်းကောင်း၊ ဧရာဝတီတိုင်း-ရက္ခိုင်အစပ် စက်စက်ယိုရွာပတ်ဝန်းကျင်၌လည်းကောင်းစစ်ကောင်စီသည် နေ့တိုင်း ထိုးစစ်ဆင်၍ တိုက်ပွဲများ ပြင်းထန်နေသည်ဟုဆိုသည်။

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသောနေရာများကို ပြန်လည်ရရှိရန် အားထုတ်ကြိုးပမ်းနေသည်ဟုဖော်ပြသည်။

ထို့အပြင် အာရက္ခဒေသအတွင်း AA ဝန်းရံပိတ်ဆိုထားသော စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိ လက်ကျန်စခန်းများ ထပ်မံ မကျစေရေးအတွက် ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံစိတ်ဓာတ်၊ စုစည်းညီညွတ် သောခုခံစစ်၊ တန်ပြန်ထိုးစစ်အောက်တွင် အထိအခိုက်အကျအဆုံး များစွာဖြင့်သာ ဆက်လက် ကြုံတွေ့နေရကြောင်း AAက ထုတ်ပြန်သည်။

၂၀၂၃ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့သောအာရက္ခတပ်တော်၏ တိုက်ပွဲတိုင်းသည်အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားသော ရည်မှန်းချက်များဖြစ်ကြောင်း၊ ရည်မှန်းချက်များအလုံးစုံအကောင်အထည်ဖော်တိုက်ပွဲများသည် ယခုဆိုလျှင် နှစ်နှစ်နီးပါးသို့တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

အနည်းငယ်သောလက်ကျန်ရည်မှန်းချက်များကို အာရက္ခပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူလက်တွဲပြီးအာရက္ခပြည်သူလူထုတစ်ရပ်လုံး ရည်မှန်းထားသောရည်မှန်းချက်များအလုံးစုံအပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

PDF တပ်မှူးကြီးများ အစည်းအဝေးမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။