Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ ရွေးကောက်ပွဲပြင်ဆင်မှုများ တားဆီးရန်၊ ရည်ရွယ်ချက်ရှိရှိ ပါဝင်သူများ အရေးယူရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

စစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များကို အထိရောက်ဆုံးတန်ပြန်ရန် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ၊လူထုစည်းရုံးမှုများနှင့် သတင်းဖြန့်ချိမှုများတားဆီးရန် အဆိုပါလုပ်ငန်းများ၌ ရည်ရွယ်ချက်ရှိရှိ ပါဝင်ပတ်သက်သူများကိုလည်း တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားခဲ့သည်။

NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG

စက်တင်ဘာ-၁၂၊ ၂၀၂၅။ထားမြတ်/People’s Spring

စစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များကို အထိရောက်ဆုံးတန်ပြန်ရန် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ၊လူထုစည်းရုံးမှုများနှင့် သတင်းဖြန့်ချိမှုများတားဆီးရန် အဆိုပါလုပ်ငန်းများ၌ ရည်ရွယ်ချက်ရှိရှိ ပါဝင်ပတ်သက်သူများကိုလည်း တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ရက်က ကျင်းပသည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချူပ်က အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် အဓိက စိန်ခေါ်မှုများ ပြောကြားရာတွင် စစ်အုပ်စုကြိုးပမ်းနေသည့်ရွေးကောက်ပွဲအပေါ်တန်ပြန်ရန်အချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် အနာဂတ်၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို အုတ်မြစ်ချနေခြင်းဖြစ်၍ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များကို ပြည်သူများနှင့်အတူတစုတစည်းတည်း ရင်ဆိုင်ကျော်လွှားပြီး တော်လှန်ရေးအောင်ပွဲကိုလက်တွေ့အကောင် အထည်ဖော်ရန် အားလုံးစည်းလုံးညီညွတ်စွာ ဆက်လက်ချီတက် ကြရန်လိုအပ်သည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း အာဏာသိမ်းစစ်အုပ်စု ကြိုးပမ်းနေသည့် တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တော်လှန်ရေးအင်အားစုအားလုံးကအတိအလင်းထုတ်ဖော်ထားပြီးဖြစ်၍ နည်းမျိုးစုံသုံး ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူအများစုက အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ကြလိမ့်မည်ဟုလည်း ဝန်ကြီးက ပြောသည်။

“စစ်အုပ်စုလို ပြောမယ်ဆိုရင် ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီဆိုတာက သူ့ရဲ့ကိုယ်ပွား အမာခံ နိုင်ငံရေးပါတီ ပေါ့ဗျာ။ ဒီရွေးကောက်ပွဲမှာ စစ်အုပ်စုရဲ့အမာခံနိုင်ငံရေးပါတီနဲ့ သူ့ရဲ့နောက်မီးဆွဲတွေ လက်ဝေခံတွေတော့ ဝင်ပြိုင်ကြပါလိမ့်မယ်။အာဏာသိမ်းပြီးတော့ တရားမဝင်ယူထားတဲ့ နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲတခုနဲ့ သူ့ရဲ့ အမာခံနိုင်ငံရေးပါတီကို အမည်ခံလွှပြောင်းပေးပြီး တရားဝင်မှုရှာချင်တဲ့ အဓိပ္ပါယ်လို ဒီလိုပြောရပါလိမ့်မယ်။ NUGနဲ့ တော်လှန်ရေးအဖွဲအစည်းအားလုံးကတော့ ဒီရွေးကောက်ပွဲ လုံး၀လက်ခံမှာ မဟုတ်ဘူးဆိုတာ အတိအလင်းထုတ်ဖော်ထားကြပြီးဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံရေးနည်း၊ စစ်ရေးနည်း၊ လူထုနည်းပေါ့ နည်းစုံသုံးပြီး ဒီရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ဖို ကြိုးစားသွားကြမှာလည်းဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ တရားဝင် အသိအမှတ်ပြုမှု ကိုရယူရန်အတွက်ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး သည် ပွင့်လင်းမြင်သာမှုရှိရန်၊တာဝန်ယူမှု၊တာဝန်ခံမှုရှိရန်နှင့် လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာရေး ကြိုးစားရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူမှု နောက်ဆက်တွဲ ဆိုးကျိုးများ ပြည်သူများ အကြီးအကျယ်ခံစားနေရပြီး အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရမှုအပေါ် ပြည်သူလူထုကို တက်စွမ်းသမျှ ဝန်ဆောင်မှု ပေးပြီး စိတ်လုံခြုံမှုပေးနိုင်အောင် မဖြစ်မနေလုပ်ဆောင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။