Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင်စစ်တပ်တိုက်လေယာဉ်ကိုပူးပေါင်းတပ်ပစ်ခတ်၊ ထိခိုက်ပြီးမြိတ်ဘက်ပြန်လှည့်သွားဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် စစ်ကောင်စီ၏တိုက်လေယာဉ်ကိုစက်တင်ဘာ၁၂ ရက်က ပစ်ခတ်ခဲ့ရာ ထိခိုက်မှု ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

စစ်တပ်၏ တိုက်​လေယာဥ်တစ်စီး

■“သူတို့ မြိတ်မြို့ပြန်ဆင်းတဲ့အချိန်မှာ လေယာဉ်က မီးခိုးထွက်တယ်။ မီးခိုးထွက်ပြီးတော့မြိတ်မြို့ကနယ်မြေခံတွေတွေ့ရှိချက်ကတော့တောင်ပံအထက်လား မီးခိုးတွေတအားထွက်တယ်။ ခန့်မှန်းချက်အရတော့ လေယာဉ်ရဲ့ တောင်ပံတဖက်ထိခိုက်တာလို့တော့ သိတယ်” – KNLA သတင်းရင်းမြစ်

စက်တင်ဘာ ၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် စစ်ကောင်စီ၏တိုက်လေယာဉ်ကိုစက်တင်ဘာ၁၂ ရက်က ပစ်ခတ်ခဲ့ရာ ထိခိုက်မှု ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်ဗုံးလာကြဲစဥ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၁၁)နှင့် တော်လှန်ရေးပူး‌ပေါင်းတပ်များးက ပစ်ခတ်ခဲ့‌ခြင်းဖြစ်ပြီး ဂျက်ဖိုက်တာလေယာဉ်ထိခိုက်မှုရှိခဲ့၍ မြိတ်မြို့ဘက်သိုပြန်လှည့်ခဲ့ဟု ဖော်ပြသည်။စစ်တပ်၏ တိုက်​လေယာဥ်အမျိုးအစားအ​သေးစိပ်ကိုမူမသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

“ကျနော်တို့တပ်မဟာ(၄)မှာအာဏာသိမ်းအကြမ်းဖက်တပ်ရဲ့ လေယာဉ်ကို ပထမအကြိမ်ပစ်ခတ်တယ်လို့ပြောလို့ရတယ်။သူတို့ သုံးတာဂျက်ဖိုက်တာအမျိုးအစားဖြစ်တယ်၊ကျနော်တို့ သတင်းရရှိတဲ့အပေါ်မှာ သူတို့ မြိတ်မြို့ပြန်ဆင်းတဲ့အချိန်မှာ လေယာဉ်က မီးခိုးထွက်တယ်။ မီးခိုးထွက်ပြီးတော့မြိတ်မြို့က နယ်မြေခံတွေတွေ့ရှိချက်ကတော့ တောင်ပံအထက်လား မီးခိုးတွေတအားထွက်တယ်။ ခန့်မှန်းချက်အရတော့ လေယာဉ်ရဲ့ တောင်ပံတဖက်ထိခိုက်တာလို့တော့ သိတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် မြန်မာ-ထိုင်းနယ်စပ် မောတောင်လမ်းပိုင်းထိန်းချုပ်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်လာရာ သိန်ခွန်းကျေးရွာအနီးဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးရှေ့မတိုးနိုင်သည့် အခြေအနေတွင် လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းဖြစ်သည်။

“စစ်ကြောင်းဝင်ထိုးနိုင်ဖို့ လေယာဉ်ကို အသုံးပြုတယ်။ပြီးတော့သူတို့ဒရုန်းအသုံးပြုတယ်။ အဓိကတော့ နယ်စပ်ကို ပြန်ထိန်းချုပ်နိုင်ဖို့ တအားသုံးလာတာပေါ့။” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

သို့​သော်တော်လှန်ရေးပူးပေါင်းတပ်များကစစ်ကောင်စီ မထိုးဖောက်နိုင်ရေးခုခံလျက်ရှိဟု အသိပေးသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တော်လှန်​​ရေးတပ်များကစစ်အုပ်စု၏ တိုက်​လေယာဥ်နှင့် ရဟတ်ယာဥ်များကို ​ပစ်ခတ်တိုက်ခိုက်ရာ ပစ်ချခံခဲ့ရသော ၊ပျက်စီး​ခဲ့သော စစ်လေယာဉ်(၁၀) စီး နှင့် ရဟတ်ယာဉ် (၁၀)စီးစုစု​ပေါင်းအစီး၂၀ ရှိ​ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။