Connect with us

Hi, what are you looking for?

သတင်း

ပါတီဝင်များ စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ ပါဝင်ပါက အရေးယူမည်ဟု NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)ပါတီဝင်များအနေဖြင့်စစ်ကောင်စီ၏အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါကပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းNLDဗဟိုအလုပ်ကော်မတီကယနေ့ ထုတ်ပြန်သည်။

၂၀၂၀ ​ရွေး​ကောက်ပွဲအကြိုကာလတွင် NLD ပါတီ​ထောက်ခံသူများကို​တွေ့ရစဥ်။ ဓါတ်ပုံ-Getty Images

စက်တင်ဘာ-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)ပါတီဝင်များအနေဖြင့်စစ်ကောင်စီ၏အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါကပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းNLDဗဟိုအလုပ်ကော်မတီကယနေ့ ထုတ်ပြန်သည်။

စစ်တပ်၏အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသောပြဿနာအရပ်ရပ်ကြောင့် နိုင်ငံတကာနှင့် ပြည်သူလူထုကိုလှည့်စား၍ နိုင်ငံရေးတရားဝင်မှုရရန်ရည်ရွယ်ကာ အာဏာလုစစ်တပ်သည် ၄င်းတို စိုးမိုးထိန်းချုပ်နိုင်သောနယ်မြေအနည်းငယ်မျှတွင် အတုအယောင်ရွေးကောက်ပွဲကိုကျင်းပရန် ကြံစည်နေသော်လည်းNLDအနေဖြင့်လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းကြေညာချက်များထုတ်အသိပေးထားပြီးဖြစ်သည်ဟုစက်တင်ဘာ ၁၄ရက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ကြေညာချက်များထုတ်ထားသော်လည်း NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့ဖူးသူအချို့က စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်နေသည့်အပေါ် ယခုကဲ့သို့ အသိပေးချက် ထပ်လောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

NLD ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်း ပမည့်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ရန် လုပ်ဆောင်နေ၍ ဩဂုတ်လကုန်ပိုင်းက ကျင်းပခဲ့သည့် ဗဟိုအလုပ်ကော်မတီ အစည်းအဝေးတွင် ဦးစိုးထက်(ခ) ဆလိုင်းမဲလုကို ပါတီမှ ထုတ်ပယ်ခဲ့သည်။

စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ကြံစည်အားထုတ်နေမှုကိုအသိအမှတ်မပြုရန်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်ထုတ်ပြန်တားမြစ်ထားပြီးဖြစ်သည်ကိုမျက်ကွယ်ပြု၍စစ်ကောင်စီ၏ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ၊ ပါတီ၏ ဆုံးဖြတ်ချက်များလိုက်နာခြင်းမရှိသူအဖြစ် သတ်မှတ်ပြီး ပါတီမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။ဦးစိုးထက်(ခ)ဆလိုင်းမဲလုသည်ယခင်က ချင်းပြည်နယ် စည်ပင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပြီး ၎င်းသည် စစ်တပ်အရာရှိဟောင်းတဦးလည်းဖြစ်သည်။

စစ်ကောင်စီကဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပမည်ဟုကြေညာထားရာ စစ်အုပ်စု၏ ရွေးကောက်ပွဲသည် နိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင်ပဋိပက္ခများ ပိုမိုကြီးမားလာစေနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားပြီး အဆိုပါ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ပူးပေါင်းဆောင်ရွက်သူများကိုအရေးယူမည်ဖြစ်ကြောင်းကြေညာထားသည်။

​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီ​ရွေး​ကောက်ပွဲကို ဆန့်ကျင်​​ကြောင်း ၎င်းတို့ထိန်းချုပ်နယ်​မြေများတွင် ကျင်းပခွင့်မပြု​ကြောင်း​​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။