Connect with us

Hi, what are you looking for?

သတင်း

လေးကေကော်ကိုထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် လန်ကျ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ရှိ လေးကေကော်မြို့သစ်ကို သိမ်းဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ KNU နဲ့ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကြောင်းလန်ကျသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ရှိ လေးကေကော်မြို့သစ်ကို သိမ်းဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ KNU နဲ့ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကြောင်းလန်ကျသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ – ၂၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ရှိ လေးကေကော်မြို့သစ်ကို သိမ်းဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ KNU နဲ့ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကြောင်းလန်ကျသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လေးကေကော်မြို့သစ်ကို ရဖို့အတွက် စစ်ကောင်စီတပ် ဟာ စက်တင်ဘာလ ၂၁ ရက် ကစတင်ပြီး အင်အားအများအပြား နဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးလာသလို မြဝတီမြို့စောင့်တပ် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းကနေ လည်း လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ကူ ပေးနေတာပါ။

ဒီနေ့ မနက်(စက်တင်ဘာ ၂၃ ရက်) စစ်ကြောင်းထိုးရာမှာတော့ မေတ္တာလင်းမြိုင်ရွာကနေ တဆင့် လေးကေကော်မြို့သစ်ဆီ ထိုးစစ်ဆင်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မှာဆိုရင် စလက်နက်ကြီးပစ်ကူ ၊ ဒရုန်း တိုက်ခိုက်မှုတွေကိုအားယူပြီး ခြေလျင်တပ်နဲ့ တက်လာပေမယ့် လေးကေကော်မြို့သစ်ရဲ့ အရှေ့ဘက် မယ်ဝါးခီရွာ မှာ တပ်လန်ကျသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

“ဒီနေ့ (လက်နက်ကြီး)ထုနေတုန်းပဲ၊ မေတ္တာလင်းမြိုင်ကြားကနေ တိုးဝင်လာတာ၊ မယ်ဝါးခီးမှာ လန်ထွက်နေတယ်၊ တက်လို့မရဘူး ပြန်လန်ထွက်နေတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်း အထိအခိုက်အကျအဆုံးများတယ်လို့ အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။

လေးကေကော်မြို့သစ်ကို သိမ်းဖို့အတွက် တပ်မ ၂၂ ၊ တပ်မ ၅၅ လက်အောက်ခံတပ်တွေကိုစုစည်းပြီး ထိုးစစ် ဆင်တာဖြစ်ပြီး KNU တပ်မဟာ ၆ ဦးဆောင်တဲ့ပူးပေါင်းတပ်က မြို့မကျဖို့ အပြင်းအထန်ခုခံနေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေးကေကော်ကို ထိန်းချုပ်နိုင်ရင် လေးကေကော်ကနေတ ဆင့် မြ၀တီ-ဝေါ်လေ ကားလမ်းတလျှောက်ရှိ တပ်စခန်းတွေကို ပြန်လည်သိမ်းယူဖို့ ထိုးစစ်ဆင်နိုင်ပြီး ဝေါ်လေဗျူဟာဘက်ကို လည်းစစ်ကူပို့နိုင်သွားမှာပါ။

ဒါအပြင် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်း၊ ကျိုက်မရော-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးတိုက်ခိုက်နေသလို တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ကျုံဒိုး-နဘူးလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်က စစ်မျက်နှာဖွင့်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။