Connect with us

Hi, what are you looking for?

သတင်း

တမိုင်တောင်စခန်းက ဆုတ်ခွာပြီး ကျေးရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို KNLA ထပ်မံတိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က တမိုင်တောင်စစ်ကောင်စီတပ်စခန်းက ထွက်ပြေးပြီး တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ထပ်မံ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့

စက်တင်ဘာ−၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က တမိုင်တောင်စစ်ကောင်စီတပ်စခန်းက ထွက်ပြေးပြီး တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ထပ်မံ တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တောင်ယာကမ်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၂၈ရက် မနက်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

” တမိုင်တောင်စခန်းက အရင်က သိမ်းထားတဲ့ ကုန်း။ စကစက ရွာထဲမှာ တပ်ပြန်စွဲတာ”လို့ KNLA တပ်မဟာ(၄) တသင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရခြင်းမှာ တောင်ယာကမ်းရွာမှာ ပြည်သူတွေရဲ့ပစ္စည်းတွေကို စစ်ကောင်စီတပ်က ခိုးယူတာ၊ မွေးမြူ ထားတဲ့ တိရိစ္ဆာန်တွေကို ခိုးယူဖမ်းဆီး စားသောက်တာ ပြုလုပ်နေတာကို သတိပေးလိုတာကြောင့် ဖြစ်တယ်လို့ KNLA တပ်မဟာ(၄)အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“အမှည့်ချွေ လုပ်ငန်းစဉ်အား ဆက်လက် လုပ်ဆောင်လိုခြင်းကြောင့် သော်လည်းကောင်း သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ KNLA ရဲဘော်တွေ ထိခိုက်ဒဏ်ရာရမရှိဘဲဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ တမိုင်တောင်တပ်စခန်းကို ၀ိုင်းပတ်ပိတ်ဆို့ခဲ့ရာ ပြီးခဲ့တဲ့ တလခန့်အကြာ ဩဂုတ်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး