Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ကြေညာတဲ့ကား ပြည်သူတွေကို ဆဲဆို

မန္တလေးမြို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲသတိပေးချက်တွေ လိုက်လံ ကြေညာနေတဲ့ ပျူစောထီးကားက လမ်းပိတ်လို့ဆိုပြီး ပြည်သူတွေကို ဆဲဆိုကြိမ်းမောင်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ-၂၉၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးမြို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲသတိပေးချက်တွေ လိုက်လံ ကြေညာနေတဲ့ ပျူစောထီးကားက လမ်းပိတ်လို့ဆိုပြီး ပြည်သူတွေကို ဆဲဆိုကြိမ်းမောင်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေကို ရပ်ကွက်တိုင်းမှာ လော်စပီကာတွေနဲ့လိုက်အော်တယ်လို့ ဆိုပါတယ်။

အဲဒီလိုလိုက်အော်တဲ့ကားဟာ ညနေ၆နာရီခွဲ‌လောက်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက် ၆၆လမ်းတလျှောက် လိုက်အော်နေချိန် ကားလမ်းပိတ်လို့ဆိုပြီး လမ်းပေါ်က ပြည်သူတွေကို ဆဲဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်စီးကားအနက်ရောင်နဲ့လာတာ။ ရှေ့ကတယောက်က စစ်ယူနီ ဖောင်းဝတ်ထားတာ။ သူကမန္တလေးက တက်တူးနဲ့ပျူစောထီးကောင်ပဲ။ လော်စပီကာကိုင်ထားတဲ့သူက အရပ်ဝတ် စွပ်ကျယ်နဲ့။ ယူနီဖောင်းဝတ်ထားတဲ့ကောင်က တလမ်းလုံးကိုဆဲတာ။ ဆဲတာကတော့ တကားလုံးကဆဲတာ။ ပိုဆိုးတာက အဲဒီ‌ကောင်။ ရုံးဆင်းချိန်ဆိုတော့ လမ်းအရမ်းပိတ်နေတဲ့အချိန်။ သူတို့ကားကဖြည်းဖြည်းပဲ မောင်းရတော့ကြောက်တာ နေမှာ။ဘေးကပ်ဆိုပြီး မောင်းနေတဲ့ဆိုင်ကယ်တွေ၊ ကားတွေရော လမ်းဘေးရပ်ထားတဲ့ ကားတွေကိုပါ အော်ဆဲကြတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဆဲဆိုသံကြောင့် အိမ်တွေထဲက ပြည်သူတွေကပါ လမ်းပေါ် ကြောက်လန့်တကြားထွက်ကြည့်ကြပြီး ပျူစောထီးဆိုသူက သေနတ်ပြကာ ဆက်လက်ဆဲဆိုသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာကြေညာလဲဆိုတာ မမှတ်မိလိုက်ဘဲ ဆဲဆိုသံကြောင့်သာ လူတွေ သတိထားမိကြတာလို့ ဆိုပါတယ်။

ရပ်ကွက်တိုင်းမှာ ဒီနေ့လို လိုက်ကြေညာနေသလို ညပိုင်းအထိလည်း လုံခြုံရေးတိုးကာ ဖုန်းနဲ့ လိုင်စင်စစ်ဆေးတာတွေ အတင်းအကြပ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။