Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာ၊လူနည်းစုတိုင်းရင်းသားတွေနဲ့ မြန်မာပြည်သူတွေကို အားလုံး ဝိုင်းကူကြဖို့ အမေရိကန် ကိုယ်စားလှယ်တိုက်တွန်း

စစ်​ကောင်စီရဲ့​ရွေး​ကောက်ပွဲအ​ပေါ်အမေရိကန် အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ပြောကြား

ဓါတ်ပုံ-State.gov

​အောက်တိုဘာ-၂၊၂၀၂၅။People’s Spring

ရိုဟင်ဂျာ မျိုးနွယ်စုတွေ၊ လူနည်းစု တိုင်းရင်းသားတွေ အပါအဝင် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေကို အမေရိကန်နဲ့အတူ နိုင်ငံတကာ အသိုက်အဝန်းကပါ ဝန်းရံပေးကြဖို့ အထူးကိုယ်စားလှယ် တစ်ဦးကပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ကလေးတွေအတွက် ရည်ရွယ်တဲ့ ကိုယ်စားလှယ် ရာထူးဖြစ်တဲ့ အကောင်းဆုံး အနာဂတ် မျိုးဆက်သစ်များ အထူးကိုယ်စားလှယ် ချားလ်စ်ဟတ်ဒါက လိုအပ်နေတဲ့ ကူညီ ထောက်ပံ့မှုတွေအတွက် အမေရိကန်က ဆက်လက် အားပေးပံ့ပိုးနေမှာ ဖြစ်ပေမယ့် တစ်နိုင်ငံတည်းတော့ တာဝန်ခံမှာ မဟုတ်ကြောင်း ဆိုပါတယ်။

အားနည်းစွာ ရပ်တည်နေရတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ လုံခြုံမှု၊ မျှော်လင့်ချက်နဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်တွေအတွက်ဆိုရင် ထောက်ပံ့ကူညီမှုတွေ မြှင့်တင်ပေးခြင်းက သိပ်အရေးကြီးကြောင်း၊ ဒါပေမဲ့ ဒီလုပ်ရပ်မျိုးတွေဟာ အမေရိကန် တစ်နိုင်ငံတည်းရဲ့ တာဝန်တော့ မဟုတ်ကြောင်း၊ အားလုံးက ဘေးထွက်ထိုင်နေချိန်မှာ အမေရိကန်က ပင်မ ထောက်ပံ့သူ အဖြစ်နဲ့တော့ မရပ်တည်လိုကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၃၀ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ‘မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုများ အခြေအနေ’ဆိုတဲ့ အဆင့်မြင့် ဆွေးနွေးပွဲ အတွင်းမှာ အမေရိကန်အပြင် နိုင်ငံပေါင်းစုံက အခုအရေးကိစ္စကို ဝင်ကူညီဖို့ တောင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးဟာ အမေရိကန် တစ်နိုင်ငံတည်းရဲ့ ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘဲ တခြား အစိုးရတွေ၊ ဒေသတွင်းက အစုအဖွဲ့တွေလည်း စုပေါင်းပြီး ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကူညီ ရှာဖွေသင့်နေပြီလို့ ဟတ်ဒါက ပြောပါတယ်။

နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေ အနေနဲ့ ရှေ့ထွက်လာကြ၊ ထည့်ဝင်မှုတွေကို မြှင့်တင်ကြပြီး အခု ဝန်ထုပ်ဝန်ပိုးကို မျှယူပေးသင့်တယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

ရိုဟင်ဂျာ အရေးလို ကိစ္စမျိုးရဲ့ ရှုပ်ထွေးမှုနဲ့ ထုထည် ပမာဏမျိုးအရ နိုင်ငံတစ်ခု၊ ဒါမှမဟုတ် အစုအဖွဲ့ တစ်ခုတည်းက ကိုင်တွယ် ဖြေရှင်းလို့ မရနိုင်ဘူးလို့လည်း သူက ထောက်ပြခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ လူ့အသက်တွေကို ကယ်ဆယ်ဖို့၊ တကယ်အရေးပါတဲ့ နေရာတွေမှာ အထောက်အပံ့တွေ ပေးအပ်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်ကြောင်း၊ ဥပမာ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဒေါ်လာ သန်း ၆၀ ကျော်လောက် ပံ့ပိုးပေးဖို့ အမေရိကန်မှာ ရည်ရွယ်ချက် ရှိနေကြောင်း သူက ကြေညာသွားပါတယ်။

ပြီးတော့ မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပေးထားပြီး ရက်ရက်ရောရောနဲ့ စေတနာထား ကူညီပေးနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို အမေရိကန်က ကျေးဇူးတင်ပါတယ်လို့လည်း ဟတ်ဒါက ပြောပါတယ်။ ဒါ့အပြင် လောလောလတ်လတ် အနေနဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့ ထိုင်းအစိုးရကိုလည်း ကျေးဇူးတင်တယ်လို့ သူက ဆိုပါတယ်။

ဟတ်ဒါက ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးလို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ထုတ်ပြောခဲ့ပြီး အာဏာသိမ်း စစ်တပ်ရော၊ အာရက္ခတပ်တော် (AA)ပါ အရပ်သားတွေကို ကာကွယ်ဖို့၊ စစ်ဘေးသင့် ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းတွေကို အလေးထား လိုက်နာကြဖို့ တိုက်တွန်းသွားပါတယ်။

နောက်ပြီးသူကမြန်မာစစ်တပ်အနေနဲ့ရွေးကောက်ပွဲ ကျင်းပရေးကို ပိုမို အားစိုက်လုပ်ကိုင်နေပေမယ့် အဲဒီ ရွေးကောက်ပွဲဟာ တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ လိုလားချက်တွေနဲ့ ကိုက်ညီမှု မရှိသလို လက်ရှိ အနေအထားမှာ ရွေးကောက်ပွဲတွေ ကျင်းပခြင်းအပေါ် အမေရိကန် အနေနဲ့ ဆန့်ကျင် ကန့်ကွက်ကြောင်းလည်း ပြောကြားသွားပါတယ်။

ကိုးကား-UNB

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချနိုင်ဖို့ ရည်ရွယ်ထားသူတွေကို တင်ဆောင်သွားတဲ့ လှေတစ်စီး နစ်မြုပ်ပြီး ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ စုစုပေါင်း ၂၅၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း သိရပါတယ်။