Connect with us

Hi, what are you looking for?

သတင်း

KK Park ကနေ ထွက်ပြေးလာသူတွေကို ဖမ်းဆီးငွေညှစ်ဖို့၊ လိင်အမြတ်ထုတ်ဖို့နဲ့ စစ်မှုထမ်းစုဆောင်းဖို့ စစ်တပ်ဝါဒဖြန့်ချန်နယ်​တွေ လှုံ့ဆော်နေ

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း ကရင်နယ်ခြားစောင့်တပ် (BGF)ထိန်းချုပ်ရာနယ်မြေထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း နာမည်ထွက်ရာ KK Park ကနေ မြဝတီမြို့ဆီထွက်ပြေးလာသူတွေကိုငွေညှစ်ဖို့နဲ့ စစ်မှုထမ်းထဲထည့်ဖို့ စစ်တပ်အတွက်ဝါဒဖြန့် ပေးနေတဲ့တယ်လီဂရမ်အချို့က လှုံ့ဆော်နေပါတယ်။

အောက်တိုဘာ – ၂၄ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း ကရင်နယ်ခြားစောင့်တပ် (BGF)ထိန်းချုပ်ရာနယ်မြေထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း နာမည်ထွက်ရာ KK Park ကနေ မြဝတီမြို့ဆီထွက်ပြေးလာသူတွေကိုငွေညှစ်ဖို့နဲ့ စစ်မှုထမ်းထဲထည့်ဖို့ စစ်တပ်အတွက်ဝါဒဖြန့် ပေးနေတဲ့တယ်လီဂရမ်အချို့က လှုံ့ဆော်နေပါတယ်။

မြဝတီမြို့ဆီ တိမ်းရှောင်လာကြသူတွေကို ဖမ်းဆီးငွေညှစ်ဖို့၊ အမျိုးသမီး​တွေကို လိင်အမြတ်ထုတ်ဖို့နဲ့ စစ်မှုထမ်းအတွက် လူအင်အားစုဆောင်းဖို့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်က တိုက်တွန်း နေတာပါ။

ပခြုပ်ထဲ ရောက်လာသူတွေကို အသင့်ဖမ်းဆီးလိုက်ရုံပဲဆိုပြီး ဝါဒဖြန့် ချန်နယ်က အားမလိုအားမရဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် တချို့ဆိုကုပ်ပြီး ဘာညာသရကာ ဒစ်တာလုပ်လို့ရမယ် လို့လည်း အမျိုးသမီး​တွေကို လိင်အမြတ်ထုတ်ဖို့ပါ လှုံ့​ဆော်​နေကြပါတယ်။

ထိုင်း – မြန်မာ နယ်စပ်မှာကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park စီမံကိန်းဝင်းကို စစ်ကောင်စီတပ်က ထပ်မံစီးနင်းမယ်ဆိုတဲ့သတင်းတွေကြောင့် တရုတ်နိုင်ငံသားတွေ ၊ နိုင်ငံခြားသားတွေ နဲ့ မြန်မာ နိုင်ငံသားတွေ ဟာ KK Park ကနေ အောက်တိုဘာလ ၂၂ ရက်စတင်ပြီး အလုံးအရင်းနဲ့ ထွက်ခွာနေကြတာပါ။

စစ်ကောင်စီတပ်က KK Park ကို ထပ်မံ မစီးနင်းခင် ရွှေ့ပြောင်းဖို့အတွက် အချိန်နှစ်ရက် ပေးထားတာလို့ သိရပါတယ်။

မြဝတီမြို့ဆီ KK Park ကနေ တိမ်းရှောင်လာသူတွေ အများအပြားရောက်ချလာပြီး မြဝတီကိုရောက်လာတဲ့တရုတ်နိုင်ငံသားတွေဟာBGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ် မြို့သစ်ဆီ ထပ်မံ ခိုလှုံကြတယ်လို့သတင်းရင်းမြစ်က ပြောပါတယ်။

နယ်ခြားမြစ်သောင်ရင်းမြစ်ကိုဖြတ်ပြီးထိုင်းဘက်ဆီဒရောသောပါးထွက် ပြေးကြသူတွေလည်းရှိပါတယ်။

ထိုင်းနယ်စပ်ကတက်လာတဲ့သတင်းတွေမှာတော့ထိုင်းဘက်ခြမ်းထွက်ပြေးလာသူတွေကို ထိုင်းစစ်တပ်က ထိန်းသိမ်းရာမှာ ဘတ်ငွေ အများအပြား သိမ်းဆည်းရမိတာကိုတွေ့ရပါတယ်။

မြ၀တီမှာလည်း တည်းခိုခန်း၊ ဟိုတယ်၊ ဌားစားတဲ့ နေအိမ်တွေ ၊ အခန်းဌားရာနေရာတွေမှာ လူဌားတွေနဲ့ ပြည့်နှက်နေတယ်လို့လည်း သိရပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park ဟာကရင်နယ်ခြားစောင့်တပ်( BGF) အမှတ်(၂)စစ်ဒေသမှုး ဗိုလ်မှုးချုပ်စောတင်ဝင်းနဲ့ အမှတ်(၄)စစ်ဒေသမှုး ဗိုလ်မှုးချုပ်စောမို့သိုတို့ရဲ့ တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတစ်နေရာလည်း ဖြစ်ပါတယ်။

ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက အွန်လိုင်းငွေလိမ် စင်တာတွေဟာ နှိမ်နင်းနေတဲ့ကြားကနေ ကြီးထွားလာနေပြီး အဆောက်အဦးတွေပေါ်မှာ စတားလင့်ခ်( Starlink) ဂြိုဟ်တု အင်တာနက် စက်တွေ အများအပြား တပ်ဆင်ထားတယ်ဆိုတာကို AFP သတင်းဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် ကွန်ဂရက်ရဲ့ စီးပွားရေးကော်မတီက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာလာပြီးနောက်မှာ စစ်ကောင်စီတပ် က KK Park ကို ပြီးခဲ့တဲ့ ရက်ပိုင်းက အချိန်ကိုက် ဝင်စီးတာတွေ လုပ်ပြလာပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ Starlink စက် အလုံး ၃၀ ၊ အလုပ်သမားအမျိုးသား၊ အမျိုးသမီး ၊လုံခြုံရေး စုစုပေါင်း ဦးရေ နှစ်ထောင်ကျော် တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မြဝတီမြို့ခံသတင်းရင်းမြစ်ကတော့ KK Park ကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးတာဟာ BGF နဲ့ကြိုတင်ညှိနှိုင်းပြီးမှဟန်ပြသဘောလောက် သာ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီ ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice For Myanmar အဖွဲ့ကလည်း KK Park ကို စီးနင်းမှုဟာ အာဆီယံ အစည်းအဝေးမတိုင်ခင် အချိန်ကိုက်လုပ်ဆောင်တဲ့ အယောင်ပြစီးနင်းမှုဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

Facebook