Connect with us

Hi, what are you looking for?

သတင်း

အားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုသာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလိုရှိ

မြန်မာနိုင်ငံမှာ လူတချို့သာ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မလိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်။ ဓာတ်ပုံ - ASEAN

အောက်တိုဘာ-၂၄၊ ၂၀၂၅။ People’s Spring

မြန်မာနိုင်ငံမှာ လူတချို့သာ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မလိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံထိပ်သီးညီလာခံ မစတင်မီ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး အလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောဆိုခဲ့တာပါ။

အာဆီယံအနေနဲ့ ဒီဇင်ဘာမှာ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တားဆီးနိုင်ခြင်းမရှိပေမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အဲဒီရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်စေလိုကြောင်း မစ္စတာမိုဟာမက်ဟာဆန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၆ကနေ ၂၈ရက်အထိ သုံးရက်ကြာကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့် မရသလို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တက်ရောက်ခွင့်မရပါဘူး။ စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းကို စေလွှတ်ထားတာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံခေါင်းဆောင်တွေ သဘောတူချမှတ်ထားတဲ့ တူညီဆန္ဒ ၅ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ခြင်းမရှိတာကြောင့် မြန်မာနိုင်ငံကိုယ်စားလှယ်ပြုအဖြစ် နိုင်ငံရေးနဲ့သက်ဆိုင်ခြင်းမရှိသူကိုယ်စားလှယ်(non-political representative)ကိုသာ ထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးစ ၂၀၂၁ ဧပြီမှာ အာဆီယံခေါင်းဆောင်တွေအားလုံး တွေ့ဆုံဆွေးနွေးခွင့်ရတာ နောက်ဆုံးဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစလို့ ထိပ်သီးညီလာခံ ၉ ကြိမ်ထက်မနည်း တက်ရောက်ခွင့် မရရှိခဲ့ပါဘူး။

ဒီနေ့ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအစီအစဥ် တူညီဆန္ဒ ၅ရပ်ဟာ အကောင်အထည်ဖော်ဖို့ ခက်ခဲတဲ့အရာမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ အာဆီယံတူညီဆန္ဒ ၅ရပ်ကို လိုက်နာကျင့်သုံးသင့်တယ်လို့လည်း မစ္စတာမိုဟာမက်ဟာဆန်က တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

Facebook