Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံထိပ်သီးအစည်းအဝေးစတင်

ဒီနေ့ (အောက်တိုဘာလ ၂၆) ရက်မှာ မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့မှာ ( ၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို စတင်ကျင်းပနေပါပြီ။

ဓာတ်ပုံ - Anwar Ibrahim/FB

အောက်တိုဘာ – ၂၆ ၊၂၀၂၅

ဒီနေ့ (အောက်တိုဘာလ ၂၆) ရက်မှာ မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့မှာ ( ၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို စတင်ကျင်းပနေပါပြီ။

အဲဒီအစည်းအဝေးကို အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ၊ အာဆီယံ ဆွေးနွေးဖက် နိုင်ငံခေါင်းဆောင်တွေနဲ့ ကုလသဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ်လည်းတက်ရောက်တာတွေ့ရပါတယ်။

အမေရိကန်သမ္မတထရမ့်လည်း အစည်းအဝေးတက်ရောက်ဖို့ ဒီနေ့ မနက်ပိုင်းမှာ ကွာလာလမ်ပူကို ရောက်ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှားမှာကျင်းပတဲ့ အာဆီ​ယံ ထိပ်သီးအစည်းအဝေးကို အာဏာသိမ်းမြန်မာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တက်ရောက်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဝါဒဖြန့် ကြတာရှိပါတယ်။

မလေးရှားသတင်းမီဒီယာ တစ်ခုဖြစ်တဲ့ News Straits Times ရဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်မယ့် လူစာရင်းမှာ စစ်ကောင်စီခေါင်းဆောင် အမည်ပါဝင်တာကို ကိုးကားပြီး ဝါဒဖြန့်ခဲ့ကြတာပါ။

ဒါပေမယ့်နောက်ပိုင်းမှာတော့ News Straits Times သတင်းဌာနက သတင်းမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင် ရဲ့ အမည်ကို ပယ်ဖျက် လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ပိုင်းကို အာဆီယံက မြန်မာ့နိုင်ငံရဲ့ ပဋိပက္ခကိုဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူချက် ၅ ချက် အကောင် အထည်မဖော်ပေးတာကြောင့် ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားတာပါ။

အဲဒီအချက်တွေကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ၊ သက်ဆိုင်သူတွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ၊ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာအောင် အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြားဝင်ညှိနှိုင်းပေးတာလက်ခံဖို့ ၊ အာဆီယံ ကတဆင့် စာနာမှု အကူအညီတွေပေးဖို့ နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကို သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ အချက်တွေပါဝင်ပါတယ်။

ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာမှာပဲ အင်ဒိုနီးရှားမှာပြုလုပ်တဲ့ အာဆီယံ ခေါင်းဆောင် တွေ အစည်း အဝေးမှာ ချမှတ်ထားခဲ့တာပါ။

ဘုံသဘောတူညီချက် ၅ချက် ချမှတ်ခဲ့တဲ့ အစည်းအဝေးကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်လည်း ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။