Connect with us

Hi, what are you looking for?

သတင်း

မောင်းမကန်ရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၂ဦးသေ၊ လက်နက်မျိုးစုံ ၂၁လက်ရဟု PDF အထူးတိုင်း စစ်ဌာနကြေညာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးကာ လက်နက်မျိုးစုံ ၂၁လက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ဒီကနေ့ အောက်တိုဘာ ၃၀ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

မောင်းမကန်ရဲစခန်းသိမ်းတိုက်ပွဲမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - အထူးတိုင်းစစ်ဌာန

အောက်တိုဘာ-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးကာ လက်နက်မျိုးစုံ ၂၁လက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ဒီကနေ့ အောက်တိုဘာ ၃၀ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

အထူးတိုင်းစစ်ဌာန ကွပ်ကဲမှူအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဓူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်တွေပေါင်းပြီး မောင်းမကန်နယ်မြေရဲစခန်းကို အောက်တိုဘာ ၂၆ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲဟာ မနက် ၅နာရီခွဲက စတင်ခဲ့ပြီး ၄နာရီ ကြာမြင့်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူဘက်မှ ၁၂ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရကာ ကျန်အင်အားများ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီထံက Uzi အမျိုးအစား သေနတ် (၆) လက်၊ G3 အမျိုးအစား သေနတ် (၇) လက်၊ Shot Gun/Smoke gun (၂) လက်၊ ကွန်မန်ဒိုစိန်ပြောင်း(၂) လက်၊ ခြောက်လုံးပြူး (၄) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ (၂၁) လက်၊ jampar စက် (၂) လုံး နဲ့ ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြ အသိပေးပါတယ်။

အထူးတိုင်းစစ်ဌာနစစ်ဌာနဟာ ကရင်နဲ့ မွန်အခြေပြု PDF နည်းဗျူဟာတွေ တပ်ရင်းတပ်ဖွဲ့တွေ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ စုဖွဲ့ထားတဲ့ စစ်တိုင်းတခုဖြစ်ပြီး အထူးတိုင်းဖွဲ့စည်းကြောင်း ကြေညာပြီးနောက် မောင်းမကန်နယ်မြေရဲစခန်းဟာ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းလည်းဖြစ်ပါတယ်။

အထူးတိုင်း စစ်ဌာနဟာစုဖွဲ့မှု ပြုပြီးမှ စစ်ရေးဆောင်ရွက်တာမျိုးမဟုတ်ဘဲ စစ်ရေး အောင်မြင်မှုတွေရရှိပြီး အုပ်ချုပ်ကွပ်ကဲမှု၊ ထောက်ပံ့မှုတွေ စနစ်တကျ လည်ပတ်တဲ့အခါမှ စုဖွဲ့မှုကို ပြည်သူသို့ ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။ အထူးတိုင်းစစ်ဌာန ဖွဲ့စည်းမှု မတိုင်မီကလည်း စစ်ရေးအောင်မြင်မှုတွေ ရရှိထားတာကို တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။