Connect with us

Hi, what are you looking for?

သတင်း

စိန်ခေါ်မှုတွေရင်ဆိုင်ဖို့၊ ညီညွတ်မှုထိန်းသိမ်းဖို့နဲ့ ပြည်သူ့အကျိုးရှေ့တန်းတင်ဖို့ PDFတွေကို ကောလင်းခရိုင် ကွက်ကဲရေးမှူးတိုက်တွန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအနေနဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် တော်လန်ရေးလမ်းခရီးမှာ စိန်ခေါ်မှုတွေကိုသတ္တိရှိစွာ ရင်ဆိုင်နိုင်ဖို့ ၊စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပြည်သူ့အကျိုးကို ရှေ့တန်းတင် ဆောင်ရွက်နိုင်ဖို့ အခိုင်အမာ ယုံကြည်မျှော်လင့်ကြောင်း PDF ကောလင်းခရိုင် ကွပ်ကဲရေးမှူးက ပြောကြားပါတယ်။

ကောလင်းခရိုင်အမှတ်(၂) တပ်ရင်း လေ့ကျင့်စုဖွဲ့မှုသင်တန်း အပတ်စဉ် (၁၀)သင်တန်းဆင်းပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအနေနဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် တော်လန်ရေးလမ်းခရီးမှာ စိန်ခေါ်မှုတွေကိုသတ္တိရှိစွာ ရင်ဆိုင်နိုင်ဖို့ ၊စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပြည်သူ့အကျိုးကို ရှေ့တန်းတင် ဆောင်ရွက်နိုင်ဖို့ အခိုင်အမာ ယုံကြည်မျှော်လင့်ကြောင်း PDF ကောလင်းခရိုင် ကွပ်ကဲရေးမှူးက ပြောကြားပါတယ်။

ကောလင်းခရိုင်အမှတ်(၂) တပ်ရင်း လေ့ကျင့်စုဖွဲ့မှု သင်တန်း အပတ်စဉ် (၁၀)သင်တန်းဆင်းပွဲကိုနိုဝင်ဘာလဆန်းမှာ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲရေးမှူးက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ တာဝန်ရှိသူက သင်တန်းဆင်းပွဲမှာ ဖတ်ကြားခဲ့တာပါ။

အခုသင်တန်းကာလအတွင်းမှာ ရဲဘော်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးရဲ့ အရေးပါမှုကို သိရှိစေဖို့၊ ခေတ်မီစစ်ရေးဗျူဟာတွေ၊ လက်နက်အမျိုးအစားလိုက်ကိုင်တွယ်မှုတွေ၊ မြို့ပြနဲ့ကျေးလက်တိုက်ပွဲဝင်နည်းတွေနဲ့ ပြည်သူ့အကာအကွယ်ပေးရေးဆိုင်ရာတွေကို သင်ကြားပေးခဲ့တာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခက်ခဲစွာရရှိတဲ့ အသိပညာနဲ့ စွမ်းရည်တွေဟာ တော်လှန်ရေးအတွက် အလွန်အရေးပါတယ်လို့ ကောလင်းခရိုင်ကွပ်ကဲရေးမှူးက ပြောကြားပြီး သင်တန်းဆင်းရဲဘော်တွေဟာ NUGရဲ့ ကာကွယ်ရေးမူဝါဒနဲ့အညီ PDF ရဲ့သစ္စာလေးပါးကို အခြေခံ၍ စစ်သည်ကျင့်ဝတ်နဲ့အညီ လိုက်နာကျင့်သုံးမယ့် ရဲဘော်ကောင်းတွေဖြစ်မယ်လို့ ယုံကြည်ကြောင်းကွပ်ကဲရေးမှူးက ပြောကြားပါတယ်။

အခုလို သင်တန်းဆင်းခြင်းဟာ ပြည်သူအားလုံး လုံခြုံရေးပိုမိုတိုးတက်စေဖို့နဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တွေကိုတွန်းလှန်နိုင်ဖို့ အင်အားသစ်တခုထပ်မံ တိုးပွားလာခြင်းဖြစ်ကြောင်းလည်း ကွပ်ကဲရေးမှူးက ပြောပါတယ်။

ခရိုင်အဆင့် အုပ်ချုပ်ရေးနဲ့စစ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာရဲဘော်တွေရဲ့ ကျွမ်းကျင်မှုတွေကို အပြည့်အ၀ အသုံးပြုသွားပြီး တာဝန်ယူဆောင်ရွက်မယ်လို့ ပြောပါတယ်။

မကြာမီကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် ရဲဘော်တွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ အသီးအပွင့်တွေရရှိနိုင်စေဖို့ ဆုတောင်းမေတ္တာပို့သကြောင်းလည်း ကောလင်းခရိုင်ကွပ်ကဲရေးမှူးရဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook