Connect with us

Hi, what are you looking for?

သတင်း

KNUထိန်းချုပ်နယ်မြေမှာ အဆင့်မြင့်ပညာရေးဦးဆောင်သူများညီလာခံကျင်းပ

ကော်သူးလေအဆင့်မြင့်ပညာရေး ခေါင်းဆောင်များညီလာခံကို ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တနေရာမှာ ကျင်းပခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

ကော်သူးလေအဆင့်မြင့်ပညာရေး ခေါင်းဆောင်များညီလာခံကို ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တနေရာမှာ ကျင်းပခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကော်သူးလေအဆင့်မြင့်ပညာရေး ခေါင်းဆောင်များညီလာခံကို ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တနေရာမှာ ကျင်းပခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီ ညီလာခံကို ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနက ဦးဆောင်ကာ အောက်တိုဘာ ၂၃ မှ ၂၅ရက်အထိ ၃ ရက်တိုင်ကျင်းပခဲ့ရာ KNU ခေါင်းဆောင်တွေ၊ အဆင့်မြင့် ပညာရေး အဖွဲအစည်/ကျောင်း ၃၄ ခုမှ ကိုယ်စားလှယ်များ၊ ဒေသတွင်းပညာရှင်တွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

” ကရင့်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (K.E.C.D) အနေဖြင့် ယခု အဆင့်မြင့်ပညာရေးဦးဆောင်သူများညီလာခံအား ကျင်းပရခြင်းရည်မှန်းချက်မှာ အနာဂါတ်ကော်သူလေအားတည်ဆောက်ရာတွင် ပညာရေးအခြေပြု တည်ဆောက်ရန်သာမက တရားမျှတ၍ ခေတ်မီသော ပြည်ထောင်စုအတွက်ပါ ပံ့ပိုးကူညီနိုင်သည့် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်မည့် အဆင့်မြင့်ပညာရေးစနစ်တစ်ရပ် တည်ဆောက်ရန် ဖြစ်သည်”ဟု KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကော်သူးလေအဆင့်မြင့်ပညာရေးဟာ ဆယ်စုနှစ်များစွာတိုင် အခက်အခဲပေါင်းများစွာဖြတ်ကျော်ပြီး ခံနိုင်ရည်ရှိရှိ လည်ပါတ်နိုင်ခဲ့ပြီး ယခုအခါ ပညာရေးဦးဆောင်သူတွေက ရေရှည်တည်တံ့ခိုင်မြဲသော ဖွံဖြိုးရေး အတွက် လိုအပ်ချက်တွေ၊ အစုအဖွဲများဟန်ချက်ညီရေး ၊ အရည်အသွေးနဲ့ ဆန်းသစ်တီထွင်မှုကိုအလေးပေးတဲ့ စနစ်တရပ်တည်ဆောက်နိုင်ဖို့ ဦးဆောင်လှုပ်ရှားနေကြတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ညီလာခံအတွင်းတက်ရောက်လာတဲ့ ခေါင်းဆောင်တွေဟာ ဒီပလိုမာ၊ အသိအမှတ်ပြုဘွဲနဲ့ ပညာရပ်ဆိုင်ရာ ဘွဲ များ သင်တန်းများအတွက် ရှင်းလင်းခိုင်မာသော ပညာရေးဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကိစ္စ၊ ဆရာတွေနဲ့ အခြေခံအဆောက်အအုံတွေအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုရရှိဖို့ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကိစ္စတွေ ဆွေးနွေးသုံးသပ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနဲ့ ပြည်သူ့ကျန်းမာရေးကဲ့သို့ ဒေသခံလိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့ ဒေသအခြေပြု လက်တွေ့အသုံးချ သုတေသနတွေကို မြှင့်တင်ခြင်း ကိစ္စတွေ၊ ဆင့်မြင့်ပညာရေးအဖွဲအစည်းများအားလုံးမှာ အရည်အသွေးနဲ့ အသိအမှတ်ပြုမှုရှိစေဖို့ ညှိနှိင်းကြီးကြပ်မယ့် ကောင်စီအသစ် ဖွဲ့စည်းခြင်း ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook