Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်ဝင်လာတဲ့စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး အထိအခိုက်များလို့ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၆၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး အထိအခိုက်များလို့ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ ၁ရက် မနက် ၈ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(မနခ)ကာကင်းအဖြစ်နဲ့ အထိုင်ချတပ်စွဲထားတဲ့ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီး၊ ပြည်သူ့စစ်တွေဟာ အင်အား ၇၀ခန့်နဲ့ ဘုတလင်မြို့နယ်တောင်ဘက်ခြမ်းကို ဝင်ရောက်လာခဲ့ကြောင်း၊ ပိုးကုန်းလမ်းခွဲအနီးအရောက်မှာတော့ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers)က ပြင်ဆင်ထားတဲ့ မိုင်းကွင်းတွေမှာ မိုင်းထိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့တွေက အသိပေးပါတယ်။

အဲဒီစစ်ကြောင်းကို Chindwin Brothers အဖွဲ့ရဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ် ၄၀ခန့်ကြာ တိုက်ခိုက်ခဲ့လို့ ဒဏ်ရာတွေရပြီး ဇီးတောကျေးရွာကို ပြန်ဆုတ်ခွာသွားတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းကလည်း အဲဒီစစ်ကြောင်းဟာ အင်အား ၆၀လောက်နဲ့ ထပ်မံထွက်လာလို့ တိုက်ခိုက်ရာ ၆ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကာ ပြန်လည်ဆုတ်ခွာသွားကြောင်း မုံရွာခရိုင်ပကဖအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

၎င်းတို့ အခြေပြုထားတဲ့ ဇီးတောရွာမြောက်ဘက်က အထိုင်စခန်းအထိ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ မုံရွာနမခနဲ့ ဘုတလင်မြို့ကြား နယ်မြေရှင်းလင်းရေးလုပ်ဖို့ ရည်ရွယ်ပုံရကြောင်း၊ အရင်က မုံရွာနမခကနေ လာလေ့ရှိပေမယ့် ၂၀၂၅ အောက်တိုဘာ ၂၈ ရက်ကစပြီး ဘုတလင်မြို့နယ်တောင်ခြမ်းက ဇီးတောရွာမှာ အထိုင်ချတပ်စွဲကာ နယ်မြေရှင်းလင်းတဲ့သဘောဖြစ်ကြောင်း မုံရွာခရိုင်ပကဖအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

“ ဇီးတောကျေးရွာမှာ အထိုင်ချတဲ့ကိစ္စကိုလည်း မုံရွာ ကျောက္ကာတောင်ရွာ၊ ရွှေဂူနီဘုရားကြီးနဲ့ အနီးတဝိုက်မှာ အခြေပြုသလိုမျိုး လုံးဝပြန်မခေါက်တော့မယ့် ခံစစ်သေ (Area Defence) ပုံစံမျိုးနဲ့ မုံရွာ – နမခ ကို ကာကင်းထုတ်ထားတာဖြစ်ပါလိမ့်မယ်” လို့ အထက်ပါတာဝန်ရှိသူက သုံးသပ်ပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers)က ဦးဆောင်ပြီး မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army ၊ ဗိုလ်လက်ကောက် အဖွဲ့၊ SRS အဖွဲ့၊ ဒေါင်းပျောက်ကြားအဖွဲ့ ၊အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်စွက်ဖက်တာကိုလက်မခံဖို့အတွက်တရုတ်နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ (ဒီဇင်ဘာလ ၁၂ ရက်)က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်နဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ရဲဘော် ၂ဦးနဲ့ ပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တွေပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။