Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ပြည်သူအားလုံးဆန့်ကျင်ကြဖို့ KNU ထပ်မံနှိုးဆော်

သမိုင်းတရားခံမဖြစ်ဖို့ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ ထပ်မံ နှိုးဆော်လိုက်ပြီး ‘စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်မဟုတ်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ နိုဝင်ဘာ ၂၀ရက်က စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင့် ကန့်ကွက်​ကြောင်း ဆန္ဒပြနေစဉ်။ ဓာတ်ပုံ-ဖားကန့်မြို့နယ်မှော်လှည့်သပိတ်စစ်​ကြောင်း

နိုဝင်ဘာ ၂၀၊ ၂၀၂၅။ ပုရစ်/People’s Spring

သမိုင်းတရားခံမဖြစ်ဖို့ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ ထပ်မံ နှိုးဆော်လိုက်ပြီး ‘စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်မဟုတ်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် လွတ်လပ်မှုမရှိ၊နိုင်ငံတကာအသိမှတ်မပြုသော ထောင်ချောက်ဆင် အတုအယောင် ရွေးကောက်ပွဲကို ကော်သူးလေနဲ့ မြန်မာတပြည်လုံးရှိ တိုင်းရင်းသားပြည်သူလူထု အားလုံး ကန့်ကွက်ဆန့်ကျင်ကြဖို့ အခုလို နှိုးဆော်ခဲ့တာပါ။

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေတဲ့ အချက် ၅ချက်ကိုလည်း KNUက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒါတွေကတော့ ‘ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာမရှိ’ သောသူပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း၊ ‘ဥပဒေကြောင်းအရ တရားမဝင်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုဆန္ဒမပါ/ပြည်သူလူထုသဘောနဲ့ကိုက်ညီမှုမရှိသောရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ကြောင်း ဖော်ပြသလို ‘စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်မဟုတ်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ KNUကထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာရှင်သက်ဆိုးရှည်စေမယ့် စစ်တပ်ရွေးကောက်ပွဲကို လက်မခံကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသလို ပြည်သူတရပ်လုံး ဆန့်ကျင်ဖို့ ယခင်ကတည်းက တိုက်တွန်းထားပါတယ်။ဒါ့အပြင် KNU ခရိုင်အသီးသီးကလည်း စစ်တပ်ရွေးကောက်ပွဲကို ဗဟိုရဲ့ ရပ်တည်ချက်အတိုင်း ဆန့်ကျင်ကြောင်း ထုတ်ပြန်ကာ ထိန်းချုပ်နယ်မြေအတွင်း ကျင်းပခွင့်မပြုဘူးလို့ အသိပေးထားပါတယ်။

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားသလိုရွေးကောက်ပွဲ ဆန့်ကျင်ရေး စကားဝိုင်းဆွေးနွေးပွဲတွေကိုလည်း ကျင်းပတာတွေရှိပါတယ်။

အခု စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပါတီစုံ ပါဝင်မှုရှိဘဲ အတိုက်အခံပါတီတွေကိုဖယ်ထုတ်ထားတာကိုတွေ့ရသလို တရားမျှတမှုနဲ့ လွတ်လပ်မှုမရှိတဲ့ ရွေးကောက်ပွဲ ဖြစ်နေတယ်လို KNU ဒူးပလာယာခရိုင်၊ဝင်း‌ရေးမြိုနယ်မှ တွဲဖက်အတွင်းရေးမှူး ပဒိုစောဆာ့လော်အဲ့ က ရွေးကောက်ပွဲ ဆန့်ကျင်ရေးစကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ပြည်သူလူထုအပေါ် အကြမ်းဖက်မှု ကျူးလွန်တာတွေကို ဒီရွေးကောက်ပွဲ ကျင်းပပြီး ဖုံးကွယ်ဖို့ကျိုးပမ်းနေတာလို့လည်း သူက ပြောပါတယ်။

“အကြမ်းဖက်လုပ်ရပ်တွေကို သိသိသာသာထင်ရှားနေတဲ့အခါမှာ ကာလကာ အမဲကို ကာလကာ အဖြူနဲ့ ပြန်ပြီးတော့ ဖုံးအုပ်မယ့်အဖြစ်မျိုးကို ထင်ထင်ရှားရှားနဲ့ မျက်မြင်တွေ့နေရတာဖြစ်တယ်” လို ပဒိုစောဆာ့လော်အဲ့က ပြောကြားပါတယ်။

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) နိုင်ငံရေးနဲ့ စစ်ရေးဦးဆောင်ကော်မတီဝင် နိုင်ဗညားမွန်ကလည်း စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ မတရားတာ၊ လိမ်တာ၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တာ အားလုံးအသိဖြစ်တယ်လို့ ပြောကြားပြီး စစ်ကောင်စီဟာလည်း ပြည်သူလူထုကို အကြောက်တရားပေးတာ၊ ရက်စက်စွာ သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ပြောပါတယ်။

အတုအယောင်ရွေးကောက်ပွဲက တဆင့် တရားဝင်အစိုးရပုံစံပြောင်းပါက စစ်အုပ်စုဟာ ပြည်သူအပေါ် အကြမ်းဖက်မှု ပုံစံပြောင်းလဲမှာမဟုတ်ဘဲ ပိုဆိုးလာမှာ ဖြစ်လို့ လူသတ်ခွင့် ပို‌ပေးသလိုဖြစ်စေမယ်လို့ နိုင်ဗညားမွန်က သတိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။