Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ မျက်နှာချင်းဆိုင်သာမက တဆင့်ခံလည်း တွေ့ဆုံဆွေးနွေးတာမရှိဘူးလို့ NUG ပြော

အင်ဒိုနီးရှားနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် NUG နဲ့ NUCC တို့က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ-၄၊ ၂၀၂၅။​နေ့သစ်/People’s Spring

အင်ဒိုနီးရှားနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် NUG နဲ့ NUCC တို့က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အင်ဒိုနီးရှားနိုင်ငံမှာသာမက အာဆီယံနိုင်ငံတချို့က ဦးစီးပြုလုပ်တဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေအမှန်ကို ကမ္ဘာက နားလည်ဖို့၊ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေကို ကမ္ဘာက သိရှိဖို့ ဆွေးနွေးခဲ့တာတွေ ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က People’s Spring ကို ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို ဆွေးနွေးပွဲတွေမှာ ဘယ်တုန်းကမှ အကြမ်းဖက်စစ်တပ်တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့တာ မရှိသလို တဆင့်ခံလည်း ဆွေးနွေးတာမျိုး မရှိဘူးလို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကလည်း အာဏာသိမ်းစစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ မည်သည့်နေရာ၊ မည်သည့်အခြေအနေမှာမှ တွေ့ဆုံခဲ့တာမရှိကြောင်း မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။

NUCC ဟာ တော်လှန်ရေး အောင်မြင်မှုကို ရှေးရှုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက် ကိုင်စွဲ ရပ်တည်သွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ‘အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေး ဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း’အလုပ်ရုံဆွေးနွေးပွဲမှာ အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့အတူ NUCC ကိုယ်စားလှယ် (၂) ဦးတက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ မည်သည့်နေရာ၊ မည်သည့်အခြေအနေမှာမှ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ကြောင်း NUCC က ထုတ်ပြန်ပါတယ်။

အဲဒီအလုပ်ရုံ​​ဆွေး​နွေးပွဲမှာ အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲ့က မျှ​ဝေ​​တဲ့ ‘အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများ’ကို ​​လေ့လာခဲ့ကြပြီး ပါဝင်တက်​ရောက်သူများအကြား လေ့လာ​တွေ့ရှိမှုတွေအ​ပေါ် ​အမြင်များ ဖလှယ်​ဆွေး​နွေးခဲ့ကြခြင်းကိုသာ ​ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အနေနဲ့ကလည်း ထုတ်ပြန်ထားပြီးဖြစ်တဲ့ နိုင်ငံရေးဦးတည်ချက် ၆ရပ် ပါ အချက်တွေကို အာမခံချက်မရှိဘဲ တွေ့ဆုံဆွေးနွေးမှုဆိုတာ ဖြစ်လာစရာအကြောင်းမရှိကြောင်း ဦးနေဘုန်းလတ်က ထပ်မံပြောကြားပါတယ်။

NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးတွဲထုတ်ပြန်ထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ရပ်ထဲမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲဒီဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ဖို့၊ သက်ဆိုင်သူတွေ အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook