Connect with us

Hi, what are you looking for?

သတင်း

PDF ​​တွေအတွက် ပေးစာတစ်​စောင်

ကိုပီတာ တို့တပ်ရင်းကရဲဘော်တွေ ‘စာ’ ပေးခံရပါတယ်။စာကတော့ တစောင်ထဲပါ။ “အကို့တို့ကို ‘စာ’ ပေးချင်လို့” တစ်ခွန်းတည်းပြောပြီး ရဲဘော်တွေရဲ့ မြင်ကွင်းကနေ ရှောင်ထွက်သွားပါတယ်။

မိုမို/People’s Spring

ကိုပီတာ တို့တပ်ရင်းကရဲဘော်တွေ ‘စာ’ ပေးခံရပါတယ်။စာကတော့ တစောင်ထဲပါ။ “အကို့တို့ကို ‘စာ’ ပေးချင်လို့” တစ်ခွန်းတည်းပြောပြီး ရဲဘော်တွေရဲ့ မြင်ကွင်းကနေ ရှောင်ထွက်သွားပါတယ်။

‘စာ’ ပေးသူက အမျိုးသမီး မဟုတ်သလို ရဲဘော်တွေ ကို ပိုအံ့သြစေတာက၁၃ နှစ် အရွယ် ကလေးငယ်တစ်ဦး ဖြစ်နေတာကြောင့်ပါ။ရဲဘော်တွေ ဒါမျိုးဖြစ်စဥ် မကြုံဖူး။

“ကိစ္စတခုနဲ့သွားရင်းတွေ့တာ။သူက အကိုတို့ကို စာ ပေးချင်လို့ ဆိုပြီး ပေးပြီး ထွက်သွားတာ။သူ့နောက် ကြောင်းဘာမှ မသိခဲ့ရဘူး”လို့ ကိုပီတာက ကြုံခဲ့ရတာကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ကိုပီတာ တို့ တပ်ရင်းက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ပအိုဝ်းပြည့်သူစစ် PNO က အင်အား ရာနဲ့ချီပြီး ဖယ်ခုံမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်နီးပါးဖြစ်နေပါတယ်။

လတ်​တလော ဖယ်ခုံအနောက်ဘက်ခြမ်းတိုက်ပွဲတွေမှာ စစ်တပ် နဲ့ ပြည်သူ့စစ်အထိနာ​နေပါတယ်။

စစ်သား​တွေ ၊ PNO/PNA ပြည်သူ့စစ်ဘက်က အရာရှိတွေပါ သေဆုံးဒဏ်ရာရ​နေသလို အရှင်အဖမ်းခံရတာ​တွေလည်း ရှိ​နေပါတယ်။တော်လှန်ရေးတပ်​တွေက လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိတာ​တွေ ရှိနေပါတယ်။

ဖယ်ခုံမြို့နယ် အရှေ့ပိုင်း၊မြောက်ပိုင်း နဲ့ အနောက်ပိုင်းက ကျေးရွာ အများစုက စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ဝန်းကျင်ကတည်းက စစ်ဘေးရှောင်နေရတာပါ။

ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက်ရဲ့စာရင်းတွေအရ ဖယ်ခုံ မြို့နယ်ရဲ့လူဦးရေ ထက်ဝက်ကျော်(၆၀,၀၀၀) ဝန်းကျင် က စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

စာပေးသွားတဲ့ကလေးငယ်ဟာလည်း စစ်ဘေးရှောင်နေရတာလို့ ကိုပီတာက ကောက်ချက်ချပါတယ်။

ရဲဘော်တွေကို ပေးစာထဲက စာလုံးရေ ၂၆၀ ထဲ မှာ “ဆက်လက်ကြိုးစား အားတင်းထားပါ”ဆိုတဲ့ စကား က ရဲဘော်တွေ အတွက် ခွန်အားဖြစ်စေတယ်လို့လည်း ကိုပီတာက ​ပြောပြပါတယ်။

ကလေးငယ်ရဲ့စာထဲမှာတော့ စာလုံးပေါင်းသတ်ပုံ မှားတာတွေရှိပေမယ့် ဆိုလိုရင်းနဲ့ အဓိပ္ပါယ်ကို စာလက်ခံရရှိခဲ့တဲ့ ရဲဘော်တွေ ​​ကောင်း​ကောင်းနာလည်သလို ၊သူတို့ရင်ဘတ်ထဲလည်း​ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကလေးငယ်ရဲ့ပေးစာက

“သို့

ကျွန်တော်ချစ်ခင်မင်ရပါသောရဲဘော်တို့ထံ

ကျွန်တော်ရှေ့မှာ မှတ်မှတ်(မတ်မတ်)ရပ်တည်နေသောရဲဘော်တို့ကိုကျေးဇူးတွင်(တင်ပါသည်။အကို/အမတို‌ကိုပြောစရာစကားအများကြီးရှိပါသည်။ကျွန်တော်အကိုတို့မျိုးတစ်နေ့တစ်ချိန်ရောက်မယ်ဆိုတာသိတယ်။ဒါပေမဲ့လုပ်ဖို့တော့စိတ်ကူးရှိတယ်။အကို၊အမတို့(တို့လို)မျိုးဖြစ်အောင်ကြိုးစားမယ်ပြီတော့ဒီဘဝဒီစစ်ဘေးနဲ့မကင်းဘူဆိုတာသိတယ်။အကို၊အမတို့လုပ်ပြီးရင်တော့ကျွန်တော်တို့တက်လာမယ်။အချိန်တော့အကိုတို့စောင့်နေပေါ့။ရဲဘော်ဝင်ချင်း (လုပ်ချင်)တာမဟုတ်ပါဘူး။မကောင်းသောအာဏာရှင်တွင် (​တွေ) အမြစ်ပြတ်မောင်းထုပ် (ထုတ်)ဖို့လုပ်တာပါ။ဒီဘဝကိုတရားသောအလုပ်တွင်(​တွေ)လုပ်မယ်မတရားသောအလုပ်ကိုမလုပ်ဘူး ကျွန်တော်တို့လိုမျိုးနောက်မှာပညာတွင်တင်(​တွေသင်) တယ်။အကို၊အမတို့ကြောင့်ကျွန်တော်စာသင်ရတယ်။ဒီလိုမျိုးဆက်လက်ကြိုးစားအားတင်းထားပါ။ကျွန်တော်တို့နေထိုင်ရာကမ္ဘာပေါ်မအလကာ(မှာ အလကား) ရတယ်ဆိုတာမရှိပါ။တစ်ခုရရင်တစ်ခုပေးဆပ်ရတယ်ဆိုတာလူတိုင်းသိတယ်။အတာကြောင့်ကျေးဇူးတင်ပါတယ်လို့အဒီလိုမျိုးဘဲနီဂုံးချင်း(နိဂုံချုပ်ချင်)ပါသည်” တဲ့။

ဒီစာ​လေးဖတ်ပြီး ဖယ်ခုံမြို့နယ်က​တော်လှန်​ရေးတပ်တွေခွန်အား​တွေရခဲ့ပါတယ် ။ စာ​ရေးခဲ့တဲ့ က​လေးအတွက်လည်း ​PDF ရဲဘော်တစ်ဦးကအခုလိုသတင်းစကားပါး လိုက်ပါတယ် ။

“အစွမ်းကုန်ကြိုးစားပြီး တိုက်ထုတ်နေပါတယ်။ဒီက ကလေးလေး ပညာတတ်အောင် စာကြိုးစားပါ။ဒီလိုစိတ်မျိုးဆက်ထားပြီး ဆက်သွားကြရင် အာဏာရှင်တွေကို အမြစ်ပြတ်အောင် တိုက်ထုတ်နိုင်မှာ သေချာတယ်” လို့ သူကအမှာစကားပါးလိုက်တာပါ။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။