Connect with us

Hi, what are you looking for?

သတင်း

ခန္တီးမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့(ဒီဇင်ဘာ ၁၅ရက်)မှာထုတ်ပြန်ပါတယ်။

ခန္တီးမှာ စစ်တပ်စစ်ကြောင်းထိုးရာမှာ အသုံးပြုတဲ့ ကားတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ခန္တီး PDF

ဒီဇင်ဘာ-၁၅၊၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့(ဒီဇင်ဘာ ၁၅ရက်)မှာထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ရက်က အမှတ်(၂၂၉) ခြေလျင်တပ်ရင်း(ခလရ-၂၂၉)က ဗိုလ်ကြီး လင်းမြတ်ထွန်းဦးဆောင်တဲ့ တပ်ရင်းနဲ့ အမှတ်(၁၆)ရဲတပ်ရင်းတို့ပူးပေါင်းတဲ့ အင်အား ၃၀ပါ ယာဉ်တန်းဟာ ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် လေးဦးသေပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တဲ့အတွက် ပြန်ဆုတ်ခွာသွားရတယ်လို့ ဆိုပါတယ်။ စစ်ကြောင်းထိုးရာမှာ အသုံးပြုတဲ့ ကားတစ်စီးကိုလည်း သိမ်းရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် အင်အားပြန်ဖြည့်ပြီး ခန္တီးမြို့နယ်မှာ ကျောက်စိမ်းထွက်ရှိတဲ့ နန်စီပွန်မှော် တဝိုက်ကကျေးရွာတွေကို ဦးတည်စစ်ကြောင်းထပ်ထိုးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေး ရည်ရွယ်ချက်ကြောင့် ထပ်မံပြီး ထိတွေ့တိုက်ပွဲဖြစ်နိုင်လို့ ဒေသတွင်းပြည်သူတွေ အနေနဲ့ သတိထားပေးဖို့ ခန္တီး PDFက တိုက်တွန်းထားပါတယ်။

ခန္တီးမြို့အထက်ပိုင်းမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲအချို့ရှိနေပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ခန္တီး PDFက မနေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ် ခန္တီးမြို့မှာ စစ်ကောင်စီတပ်နဲ့ လက်အောင်ခံ ရှမ်းနီ SNA တပ်တွေစာ စစ်ရေးအရပူးပေါင်းနေတာရှိတယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းတွေက ဖော်ပြပါတယ်။

ဒါ့အပြင် ခန္တီးမြို့နယ်ရဲ့အရှေ့ဘက်ခြမ်းက ဖားကန့်မြို့နယ်ကိုလည်း စစ်ကောင်စီတပ်နဲ့ SNA က ပူးပေါင်းထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေမကြာခဏ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ