Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် ပ၀ရွာခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ပ၀ကျေးရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၂၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ပ၀ကျေးရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၇ရက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ အမှတ်(၃၀၆)အမြောက်တပ်ရင်းက ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်လို့ ပဝရွာခရစ်ယာန်ဘုရားကျောင်းအဆောက်အအုံအနည်းငယ်ထိခိုက်ပျက်စီးခဲ့ဟု အသိပေးပါတယ်။

” တိုက်ပွဲဖြစ်ပွားမှုမှရိဘဲ သူတို့ လုပ်တာပေါ့နော်”လို့ KNLAတပ်မဟာ(၄) သတင်းရင်းမြစ်က စစ်ကောင်စီရဲ့ အကြောင်းမဲ့ တိုက်ခိုက်လာမှုအပေါ် ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာဆက်လက်တည်မြဲနိုင်ရေး သူတို့အုပ်ချုပ်ရာနယ်မြေတွေမှာရွေးကောက်ပွဲအတင်းအဓမ္မ ပြုလုပ်ဖို့ ကြိုးပမ်းနေသလို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေဖြစ်တဲ့ KNU မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာဒေသတွေက ပြည်သူတွေ အကြောက်တရားဖြစ်ပေါ်စေဖို့ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အရင်ကလည်း KNU မြိတ်-ထားဝယ်ခရိုင်အတွင်း အရပ်သား ပြည်သူနေထိုင်ရာတွေကို လေယာဉ်ဗုံးကြဲတာ၊လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

Facebook