Connect with us

Hi, what are you looking for?

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ဩစတေးလျရောက် မြန်မာလူထုတွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတေးလျရောက် မြန်မာပြည်သူတွေတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၀ရက်က ပါ့သ်မြို့က Corkburn Youth Centre မှာကျင်းပခဲ့ပြီး ပြည်သူတွေရဲ့ မေးမြန်းမှုတွေကို ဝန်ကြီးက ဖြေကြားပေးခဲ့ပါတယ်။

ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတေးလျရောက် မြန်မာပြည်သူတွေတွေ့ဆုံနေစဉ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၁၊ ၂၀၂၅။ People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတေးလျရောက် မြန်မာပြည်သူတွေတွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၀ရက်က ပါ့သ်မြို့က Corkburn Youth Centre မှာကျင်းပခဲ့ပြီး ပြည်သူတွေရဲ့ မေးမြန်းမှုတွေကို ဝန်ကြီးက ဖြေကြားပေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဝန်ကြီးဒေါ်ဇင်မာအောင်က နွေဦးတော်လှန်ရေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၄နှစ်တာကာလအတွင်း အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေအပြင် ၂၀၂၆အတွက် ပြင်ဆင်မှုတွေနဲ့ စိန်ခေါ်မှုတွေ အကြောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့ဆိုပါတယ်။

ဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁၄ရက်ကလည်း ကိုရိးယားရောက်မြန်မာတွေနဲ့ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတွေ့ဆုံပွဲမှာလည်း ဝန်ကြီးဒေါ်ဇင်မာအောင် က နိုင်ငံရေးအခြေအနေတွေ၊ NUG ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေး အစီအမံတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေ၊ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်တပ်ရွေးကောက်ပွဲအလွန်တော်လှန်ရေးလျာထားချက်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

NUGအနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ နိုင်ငံခြားရေးနည်းလမ်းအရလည်း လုပ်ဆောင်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိရေး၊ အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုမှုမရရှိစေရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အပါအဝင် လက်တွေ့ကျတဲ့ နိုင်ငံတကာပံ့ပို့မှုတွေရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီဇင်ဘာ ၁၈ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့လည်း သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေရဲ့ တရားဝင်ဖိတ်ကြားမှုတွေအရ ပြည်ပခရီးစဉ်တွေ သွားရောက်ကာ နိုင်ငံတကာနဲ့ စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်နေကြောင်း NUGက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook