Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများနဲ့ ဒဏ်ရာရသူတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ဒီဇင်ဘာ-၂၆၊ ၂၀၂၅။ မိထက်/People’s Spring

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

ခရစ်စမတ်နေ့ ဒီဇင်ဘာ ၂၅ရက်က ရေကြည်မြို့နယ်၊ အမြောက်တပ်(၃၄၄)ထဲကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာဖြစ်ပါတယ်။

လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းကျေးရွာအုပ်စုထဲကို ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ကျော်အရွယ် အမျိုးသမီး ၁ဦး၊ အသက် ၆၀ကျော်အရွယ် အမျိုးသား ၁ဦးသေဆုံးပြီး ၆နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်နေတာကရှိတယ်။ အခုလက်နက်ကြီးနဲ့ပစ်တာကတော့ တိုက်ပွဲရှိနေတဲ့ရွာမဟုတ်ဘူး။ တိုက်ပွဲနဲ့ဝေးတော့ ဒေသခံတွေက မရှောင်ဘဲနေတာပါ” လို့ လေးမျက်နှာမြို့ခံတစ်ဦးကပြောပါတယ်။

လေးမျက်နှာမြို့ဟာ ရေကြည်မြို့နဲ့ဆက်စပ်သလို ဟင်္သာတခရိုင်ထဲက ကွင်းကောက်မြို့နဲ့လည်းဆက်စပ်ပါတယ်။ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)ကနေလည်း စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်နေတယ်လို့ သတင်းရရှိပါတယ်။

ဧရာဝတီတိုင်းထဲမှာ လေးမျက်နှာမြို့နယ်အပြင် ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီမြို့နယ်လေးခုဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေဖြစ်ပါတယ်။

လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာနဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာ ၁၁ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဒေသတွေမှာ တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ လေကြောင်းကနေ ဗုံးကြဲမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ဒီဇင်ဘာ ၁၆ရက်ကနေ ဒီဇင်ဘာ ၂၀ရက်အတွင်း လေးမျက်နှာမြို့နယ် ခတ်ချိုကုန်းကျေးရွာနဲ့ စောပြာကျေးရွာကို ပါရာမော်တာ၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲလို့ ဒေသခံ ၄ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၃ရက်က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ်၂၉ဗျူဟာက ထုတ်ပြန်ထားပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီထိခိုက်သေဆုံးမှုတွေများပြားနေပြီး ဂျက်ဖိုက်တာအပြင် စက်တပ်လေထီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။ တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ဒေသက ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့၊ တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကို မလာကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။