Connect with us

Hi, what are you looking for?

သတင်း

အရှေ့တောင်အာရှ ခရီးစဉ်အတွင်း NUGနဲ့ တွေ့မယ်လို့ဩစတြေးလျအထက်လွှတ်တော်အမတ်​ပြော

သူ့ရဲ့အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အမျိုး
သား ညီညွတ်ရေး အစိုးရ (NUG)၊ မြန်မာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမယ်လို့ ဩ
စတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်သ်က ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ-၁၄၊၂၀၂၅။People’s Spring

လွှတ်တော်မှာ အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်
ရေးဆိုင်ရာ မူဝါဒတွေကို စောင့်ကြည့်ကြပ်မတ်တဲ့ တာဝန်ကို ယူထားတဲ့ အနောက်ဩစတြေးလျ ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော် အမတ်ဟာ ဇန်နဝါရီ ၁၂ ရက်ကနေ ၁၈ ရက်နေ့ထိ အ
တောအတွင်း ထိုင်းနဲ့ မလေးရှား နိုင်ငံတွေဆီ သွားရောက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့ နိုင်ငံရေး အကျပ်အတည်းက ပိုပြီး ဆိုးရွားလာသလို လူသားချင်း စာနာမှုနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ကြီးထွားလာနေတဲ့ အချိန်တစ်ခုမှာ
ဒီခရီးစဉ်ကို စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီခရီးစဉ်ဟာ ကိုယ့်စရိတ်ကိုယ် စိုက်ထုတ် စီစဉ်ခဲ့တာလို့လည်းစမစ်သ်က အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ခရီးစဉ်မှာ NUGရဲ့ကိုယ်စားလှယ်တွေ၊ မြန်
မာအသိုက်အဝန်း၊ကိုးကွယ်ယုံကြည်မှုအခြေပြု လူသားချင်း စာနာမှု အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံပြီးပဋိပက္ခကြောင့်မြန်မာနိုင်ငံအပေါ်သက်
ရောက်ဖြစ်ပေါ်တဲ့ ရိုက်ခတ်မှုတွေအကြောင်း ဆွေး
နွေးသွားမယ်လို့ စမစ်သ်က ကြေညာထားပါတယ်။

သူဟာထိုင်းနဲ့မလေးရှားတို့မှာရှိနေတဲ့ဩစတြေး
လျ အရာရှိတွေ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်
ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ်တွေနဲ့ တခြား လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီ ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ အဓိက ရည်ရွယ်ချက်သုံးခုအ
တွက်အာရုံစိုက်ထားမယ်လို့စမစ်သ်က ကြေညာ
ချက်ထဲမှာ ရေးသားထားပါတယ်။ အဲဒါတွေက
တော့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)အနေနဲ့လက်ရှိမြန်မာ့အကျပ်အတည်း
ကိုတုံ့ပြန်ဖြေရှင်းရာမှာဘယ်လောက်ထိထိရောက်ရောက် စွမ်းဆောင်နိုင်မလဲ ဆိုတာကို သိနားလည်နိုင်ဖို့၊ စစ်တပ်က ဦးဆောင်တဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး လူသားချင်း စာနာမှုရေးရာ ရှုထောင့်ကနေ ထွက်ပေါ်လာတဲ့ စိုးရိမ်မှုတွေကို ဆန်းစစ်ဖို့၊ အမေရိကန် အထောက်အပံ့တွေ ရုပ်သိမ်းခဲ့တာ အပါအဝင် နိုင်ငံတကာ ထောက်ပံ့ရေး ကိစ္စတွေမှာ ကြုံလာတဲ့ အပြောင်းအလဲတွေနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို လေ့လာဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

သူ့ရဲ့ခရီးစဉ်မှာအနောက်ဩစတြေးလျမြန်မာအဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တချို့လည်း လိုက်ပါလာမယ်လို့ စမစ်သ်က အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်ဟာ သူတာဝန်ယူထားတဲ့ ကော်မတီရဲ့ မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအတွက် အထောက်အကူကောင်း ဖြစ်စေမယ်လို့ ယုံကြည် မျှော်လင့်ကြောင်းလည်း စမစ်သ်က မှတ်ချက်ပေးထားပါတယ်။

ကိုးကား-Senator Dean Smith Facebook

(ဩစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်သ် နဲ့ NUG နိုင်ငံခြား​ရေးဝန်ကြီး​ဒေါ်ဇင်မာ​အောင်တို့​တွေ့ဆုံခဲ့ကြစဥ်။(ပုံ​ဟောင်း))

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook