Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲကို ကရင်လူထု ချီတက်ကန့်ကွက်ဆန္ဒပြ

အာဏာသိမ်းစစ်ကောင်စီကကျင်းပနေတဲ့ရွေးကောက်ပွဲကိုကရင်အမျိုး သားအစည်းအရုံး (KNU) ရဲ့အုပ်ချုပ်ရေးနယ်မြေ ဒူပလာယာခရိုင်(ကော့ကရိတ်)မှာလူထုက ဇန်နဝါရီလ ၉ ရက်မှာ ဆန့်ကျင် ကန့်ကွက်ကြောင်းချီတက်ဆန္ဒပြခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန် ပါတယ်။

ဇန်နဝါရီလ – ၁၈ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီကကျင်းပနေတဲ့ရွေးကောက်ပွဲကိုကရင်အမျိုး သားအစည်းအရုံး (KNU) ရဲ့အုပ်ချုပ်ရေးနယ်မြေ ဒူပလာယာခရိုင်(ကော့ကရိတ်)မှာလူထုက ဇန်နဝါရီလ ၉ ရက်မှာ ဆန့်ကျင် ကန့်ကွက်ကြောင်းချီတက်ဆန္ဒပြခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန် ပါတယ်။

ဇန်နဝါရီ ၉ ရက်၊ မနက် ၉ နာရီ ကစပြီး ဒူပလာယာခရိုင်ထဲက လူထုက နေရာတွေ ခွဲပြီး တပြိုင်နက်တည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

KNU ဒူပလာယာခရိုင်မှာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်၊ နို့တကောမြို့နယ်၊ ဝင်းရေးမြို့နယ် ဆိုပြီး မြို့နယ် ၄ ခု ရှိတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒပြတာကိုတော့ ကော့ကရိတ်မြို့နယ်က ပြည်သူ ၂,၆၅၀ ဦးခန့်၊ ကျုံဒိုးမှာ ပြည်သူ ၄၀၀ ဦးဝန်းကျင်၊ ဝင်းရေးမှာ ပြည်သူ ၂,၀၀၀ ဦးခန့် ၊ နို့တကောမြို့နယ်မှာလည်း ပြည်သူ ၂,၀၀၀ ဦးဝန်းကျင် စုစုပေါင်း ပြည်သူဦးရေ ၇,၀၀၀ ခန့် ပါဝင်ခဲ့တာလို့ KNU က ဖော်ပြပါတယ်။

စစ်ကောင်စီက ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး ပြည်သူ့ဆန္ဒကိုကိုယ်စားမပြုတဲ့အပြင်စစ်မှန်တဲ့ ဒီမိုကရေစီရွေးကောက်ပွဲ မဟုတ်သလို နိုင်ငံတကာအသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ KNU က ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် ၊ ဇန်နဝါရီလ ၁၁ ရက် နဲ့ ဇန်နဝါရီလ ၂၅ ရက်တို့မှာ အပိုင်းခွဲပြီးကျင်းပတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်က မြို့နယ်တွေလည်းပါဝင်ပါတယ်။

ရွေးကောက်ပွဲအပိုင်း(၁)မှာ ပြည်နယ်မြို့တော် ဘားအံ ၊ မြဝတီ ၊သံတောင်ကြီးမြို့ ၊ ရွေးကောက်ပွဲအပိုင်း (၂) မှာ ဖာပွန်နဲ့လှိုင်းဘွဲ့ တို့မှာ ပါဝင်ခဲ့ပြီး လာမယ့် ဇန်နဝါရီလ ၂၅ ရက်မှာကျင်းပမယ့် အပိုင်း (၃) မှာတော့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ပါဝင်မှာပါမှာ။

ကရင်ပြည်နယ်ကို မြို့နယ် ၇ ခုနဲ့ဖွဲ့စည်းထားတာကြောင့် စစ်ကောင်စီက မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့တာဖြစ်ပေမယ့် ပြည်နယ်ထဲက ရပ်ကွက် ၊ကျေးရွာတွေအားလုံးမှာ မဲပုံးထောင်နိုင်ခဲ့တာတော့မဟုတ်ပါဘူး။

ဓာတ်ပုံ – KNU

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။