Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်အုပ်ချုပ်မှုနဲ့ကွဲပြားတဲ့ အုပ်ချုပ်မှုစနစ်‌ကောင်းဖြစ်ပေါ်ရေး KNU မြိတ်ထားဝယ်ခရိုင်မှာ သင်တန်းပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်အတွင်း ကော်သူးလေအုပ်ချုပ်ရေးနဲ့ ပြည်သူ့စီမံခန့်ခွဲရေး သင်တန်းပြုလုပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပြပြီး ဒီလိုလုပ်ဆောင်တာဟာ အုပ်ချုပ်ရေးစနစ်ကောင်းတခု ဖြစ်ပေါ်လာစေဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU-MTD

ဇန်နဝါရီ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်အတွင်း ကော်သူးလေအုပ်ချုပ်ရေးနဲ့ ပြည်သူ့စီမံခန့်ခွဲရေး သင်တန်းပြုလုပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပြပြီး ဒီလိုလုပ်ဆောင်တာဟာ အုပ်ချုပ်ရေးစနစ်ကောင်းတခု ဖြစ်ပေါ်လာစေဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီ သင်တန်းဟာ ဇန်နဝါရီ ၁၂ရက်ကနေ ၂၂ ရက်အထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

မြိတ်ထားဝယ်ခရိုင် ပညာပေးရေး၊ စည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး‌ခေါင်းဆောင်တွေ၊ KNU-လယ်မူလားမြို့နယ်ခေါင်းဆောင်တွေ စုပေါင်းဦးဆောင်ပြီး မြို့နယ်ခေါင်းဆောင်များအတွက် “ကော်သူးလေအုပ်ချုပ်ရေးနှင့်ပြည်သူ့စီမံခန့်ခွဲရေး” ရက်တိုသင်တန်းကို‌ပြုလုပ်ခဲ့တာလို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ဒီဟာက ကျနော်တို့ အခုသွားမယ့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အချိန်မှာ ကောင်းတဲ့ အုပ်ချုပ်ရေး စနစ်တခုကို ကျနော်တို့က လိုလားတယ်။ အဲဒါကြောင့်မို့လို့ ကောင်းတဲ့ အုပ်ချုပ်ရေးစနစ်ကို ဒေသခံတွေရဲ့ ဦးဆောင်မှုမှာ ကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တခု လိုလားတဲ့အတွက် အဲဒီသင်တန်းကို ကျနော်တို့လုပ်ရခြင်းဖြစ်တယ်”လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အုပ်ချုပ်ရေးကောင်းမှသာ ပြည်သူတွေ လိုလားတဲ့ အုပ်ချုပ်မှုစနစ်၊ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေး တွေ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အရင်က စစ်အစိုးရ အဆက်ဆက်လက်အောက်မှာ ရှင်သန်နေထိုင်လာရတဲ့ အခြေအနေမှာ အုပ်ချုပ်မှု စနစ်ကောင်း ပေါ်လာဖို့ သင်တန်းပေးတာလို့လည်း ရှင်းပြပါတယ်။

“စစ်အစိုးရရဲ့ အောက်မှာပဲ တောက်လျှောက် အုပ်ချုပ်ခံတဲ့ ဘ၀နဲ့ အများအားဖြင့် တိုင်းရင်းသားတွေ အများအားဖြင့် အဖိနှိပ်ခံရတဲ့ ဘ၀နဲ့ တောက်လျှောက်ရှိလာတာပေါ့နော်။ ဒါကြောင့်မို့လို ကျနော်တို့က ကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တခုကို သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီး မြို့နယ်မှာသော်လည်းကောင်း KNUမှာသော်လည်းကောင်း ပြည်သူလူထုရဲ့ အုပ်ချုပ်တဲ့ သူတွေ ကောင်းတဲ့ အုပ်ချုပ်ရေးစနစ် တခု ရှိလာဖို့ လုပ်လာတာဖြစ်တယ်။”လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

၁၀ရက်ကြာမြင့်ခဲ့တဲ့ သင်တန်းမှာ KNU-လယ်မူလားမြို့နယ်အမြဲတမ်းကော်မတီဝင်တွေ၊ မြို့နယ်ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ KNDOတပ်ရင်း(၇)တပ်ပိုင်းဆိုင်ရာခေါင်းဆောင် တွေ၊ ကရင်လူငယ်အစည်းအရုံး‌ခေါင်း ဆောင်တွေ၊ ကရင်အမျိုးသမီးခေါင်းဆောင်တွေ စုစုပေါင်း(၄၇)ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သင်တန်းပြုလုပ်ရတာဟာ KNUရဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ လုပ်ငန်စဉ်တွေ နိုင်ငံရေးလုပ်ငန်းစဉ်တွေနားလည်သဘောပေါက်ဖို့ ကောင်းမွန် သော ခေါင်းဆောင်မှု အုပ်ချုပ်ရေးနဲ့ ပြည်သူ့စီမံခန့်ခွဲရေးလုပ်ငန်းတွေ နားလည်သဘောပေါက်ဖို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခု သင်တန်းမှာ ပို့ချခဲ့တာဟာ KNU ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံလမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေ၊ နိုင်းငံရေးလုပ်ငန်စဉ်တွေ၊ ကော်သူးလေရာဇဝတ်ဥပဒေနဲ့ ရာဇဝတ်ဥပဒေလုပ်ထုံးလုပ်နည်း၊ ကော်သူးလေတရားမမှုခင်းဆိုင်ရာလုပ်ထုံးလုပ်နည်းဥပဒေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအက်ဥပဒေ၊ ပြုစားခြင်းဆိုင်ရာအထူးအက်ဥပဒေ၊ ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ မဟာဗျူဟာရေးဆွဲခြင်း၊ ကျေးရွာအုပ်စု ခေါင်းဆောင်မှုနဲ့ တာဝန်ဝတ္တရားတွေ စတဲ့ ဘာသာရပ်တွေဖြစ်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook