Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေရဲ့သွေးနဲ့ မျက်ရည်တွေရဲ့ တန်ဖိုးကိုအလေးထားပေးဖို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန တောင်းဆို

စစ်တပ်အာဏာသိမ်းမှု (၅)နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုက အရှိန်လျော့မသွားဘဲ ပိုလို့တောင် စနစ်တကျ ရှိလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပြီး နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်တွေရဲ့ တန်ဖိုးကို အလေးထားပေးဖို့တောင်းဆိုခဲ့ပါတယ်။

(ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်က ပြည်သူ​တွေကို ဗုံးကြဲသတ်ဖြတ်လို့ ပြည်သူ​တွေအစုလိုက်အပြုံလိုက်​သေဆုံးခဲ့စဥ်။ ဓာတ်ပုံ - PS)

▪️စစ်တပ်က ၅နှစ်အတွင်းကျူးလွန်တဲ့အစုလိုက်

အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်​ပေါင်း ၅၀၀ ကျော်ရှိ ပြီးပြည်သူ ၅၀၀၀ ကျော်သေဆုံးခဲ့

ဖေဖော်ဝါရီ ၁၊ ၂၀၂၆။ ထာမြတ်/People’s Spring

စစ်တပ်အာဏာသိမ်းမှု (၅)နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုက အရှိန်လျော့မသွားဘဲ ပိုလို့တောင် စနစ်တကျ ရှိလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပြီး နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်တွေရဲ့ တန်ဖိုးကို အလေးထားပေးဖို့တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ (၅)နှစ်တာအတွင်း စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ် ၅၀၁ မှု ကျူးလွန်ခဲ့ကြောင်း အသိပေးခဲ့ပြီး အဲဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (Massacre) ဖြစ်စဉ်ပေါင်း ၅၀၀ ကျော်မှာ အပြစ်မဲ့ပြည်သူ၅၁၈၈ ဦးသေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူထားတဲ့ အချက်အလက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

“ဒီဖြစ်စဉ်တွေဟာ တနှစ်ထက်တနှစ် ပိုတိုးလာနေပြီး၂၀၂၅ ခုနှစ်မှာတော့အဆိုးရွားဆုံးအဖြစ် ၁၅၉ မှုအထိ ကျူးလွန်ခဲ့တာကိုမှတ်တမ်းတင်ထားရှိနိုင်ခဲ့ပါတယ်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေး(၅)နှစ်တာအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတာကို တွေ့ရပြီး သူတို့ရဲ့ ကျူးလွန်ပုံတွေက တနှစ်ထက်တနှစ်ပိုပြင်းထန်လာတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် အရပ်သားတွေကို လူသားဒိုင်းအဖြစ် ပိုမိုအသုံးပြုပြီး စစ်ကြောင်းထိုးတာတွေဟာ နေရာတိုင်းမှာ ဖြစ်နေပါပြီ။ ရွာတွေကို မီးရှို့ရုံတင်မကဘဲ ပြည်သူတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေတွင်းရေကန်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကိုပါ စနစ်တကျ ဖျက်ဆီးပြီးလူနေထိုင်လို့မရအောင်အထိလုပ်လာကြပါတယ်”လို့ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူရရှိထားတဲ့ မှတ်တမ်းတွေအရ ၅နှစ်အတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၄,၇၅၀ အထိ ရှိခဲ့ကြောင်း အသိပေးပါတယ်။

“ပဇီကြီးရွာဖြစ်စဉ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ အရပ်သားတွေကို လေကြောင်းကနေ တမင်ပစ်မှတ်ထား သတ်ဖြတ်ခဲ့တဲ့ Massacre သက်သက်ပါပဲ။ အခုဆိုရင် လူတွေ အိပ်ပျော်နေတဲ့ ညဉ့်နက်ပိုင်းတွေမှာပါ ဗုံးကြဲပြီး ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာပါ ခြောက်လှန့်နေကြတာ ဖြစ်ပါတယ်” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၂၃ ဧပြီမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ၁၇၀ ဦးကျော် သေဆုံးကာ ဒဏ်ရာရသူတွေများစွာရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ဧပြီလ မှာလည်း စစ်ကိုင်းငလျင် ကြုံနေရချိန်မှာပင် ငလျင်ဒဏ်သင့်ရာ ဒေသ အပါအဝင် နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။

“ငလျင်ဒဏ်ကိုအလူးအလဲခံစားနေရချိန်မှာတောင် စစ်အုပ်စုဟာ လူသားချင်းစာနာမှုအကူအညီတွေအစား လေကြောင်းတိုက်ခိုက်မှု ၂၉၇ ခုနဲ့ ပြည်သူတွေအပေါ် ရက်စက်စွာ ကျူးလွန်ခဲ့ပါတယ်။အဲ့ဒီအပြင် သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် လမ်းခင်းဖို့ ၂၀၂၅ ဒီဇင်ဘာလ တလတည်းမှာတင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၈၉ မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာဟာ သူတို့ရဲ့ လူမဆန်မှုကို ပိုပြီး မီးမောင်းထိုးပြနေတာပါပဲ” လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကမ္ဘာကြီးနဲ့ နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့ မျက်ရည်တွေရဲ့ တန်ဖိုးကို အလေးထားပေးဖို့ လူ့အခွင့်အရေးဝန်ကြီးဌာနက တောင်းဆိုပါတယ်။

“ဒီလိုစစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းဆက်လက်ချိုးဖောက်နေတဲ့အကြမ်းဖက်စစ်အုပ်စု ကို နိုင်ငံတကာအနေနဲ့ လေယာဉ်ဆီဖြတ်တောက်မှုကို ပိုမိုလုပ်ဆောင်လိုက်တာဟာ သူတို့ရဲ့ ပြည်သူ့ အပေါ်ကြဲချမယ့် ဗုံးတွေကို ရပ်တန့်လိုက်တာပါပဲ။ ကမ္ဘာကြီးအနေနဲ့ စာနာမှု ထက်ပို တဲ့ လက်တွေ့ ကျတဲ့ အရေးယူမှု တွေကို ဒီ့ထက်ပိုမို လုပ်ဆောင်ပေးဖို့အလေးအနက်ထား တိုက်တွန်း လိုပါတယ်။” လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၆ နှစ်ဆန်းမှာလည်း ဆေးရုံတွေ အပါအဝင် အရပ်သား ပြည်သူ နေထိုင်ရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ အများအပြား ဆက်လက်ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook