Connect with us

Hi, what are you looking for?

သတင်း

KNU တောင်ငူခရိုင်မှာ စစ်တပ် လက်နက်ကြီးပစ်ခတ်လို့အမျိုးသမီး တစ်ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တောအူး (တောင်ငူ)ခရိုင် ဒေါ်ဖခို(သံတောင်)မြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး။ ဓာတ်ပုံ - KNU

ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တောအူး (တောင်ငူ)ခရိုင် ဒေါ်ဖခို(သံတောင်)မြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၃ရက်မနက်က စစ်ကောင်စီရဲ့ ထို့ဘိုကြီးစစ်စခန်းကနေ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ဒေါ်ဖခိုမြို့နယ် ဖိုးဝါးချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

အဲဒီလို လက်နက်ကြီး ပေါက်ကွဲလို့ ကလေး (၂) ဦးရဲ့ မိခင် (၃၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၂ရက်ကလည်း KNU တပ်မဟာ (၂)နယ်မြေ တောင်ငူခရိုင် သံတောင်ကြီးမြို့ အမှတ်(၃) ရပ်ကွက်ရှိ အင်္ဂလီကန် အသင်းတောင် ရှင်ဂျော့ဂျက် ဘုရားကျောင်းကိုလည်း စစ်တပ် ပစ်တဲ့လက်နက်ကြီး ထိမှန်လို့ အသက်(၃၄)နှစ် အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ကြောက်လန့်စွာနေကြရပြီးသတိနဲ့ သွားလာနေကြရတယ်လို့ KNU တောင်ငူခရိုင်က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၉ရက်ကလည်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇီဒေါခိုကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲလို့ အသက် ၈၅ နှစ်နဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးနှစ်ဦးသေဆုံးပြီး အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဟာ တပ်မဟာ(၂) နယ်မြေ အပါအဝင် KNUအုပ်ချုပ်နယ်မြေတွေကို လေကြောင်း၊ လက်နက်ကြီး၊ဒရုန်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook