Connect with us

Hi, what are you looking for?

သတင်း

NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကြီး ငါးဖွဲ့တွေ့ဆုံပြီး စစ်ရေးဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီး လေးဖွဲ့ တွေ့ဆုံပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအောင်မြင် နိုင်ဖို့ ဆွေးနွေးထားကြတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ပိုင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ – ၁၀ ၊၂၀၂၆ /People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီး လေးဖွဲ့ တွေ့ဆုံပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအောင်မြင် နိုင်ဖို့ ဆွေးနွေးထားကြတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ပိုင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဖေဖော်ဝါရီ ၅ ရက်က ကချင်တော် လှန်ရေးနေ့ အခမ်းအနားကိုအမေရိကန်ပြည်ထောင်စု ၊ တက္ကဆက်ပြည်နယ်မှာကျင်းပခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းက တက်ရောက်ပြီး အမှာစကားပြောကြားရာ ထည့်သွင်းအသိပေးပြောခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုး (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ငါးဖွဲ့တို့ ပြီးခဲ့တဲ့ရက်ပိုင်းကတွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“လက်ရှိတော်လှန်ရေးကိုအောင်မြင်အောင်ကျနော်တို့ဘယ်လိုဆင်နွှဲမလဲဆိုတဲ့ဟာကျနော်တို့ ဦးစားပေးပြီးဆွေးနွေးနေတာဖြစ်ပါတယ်”လို့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ပါဝင်တဲ့အဖွဲ့တွေ ဘက်ကတော့ သီးခြား ထုတ်ပြန်လာတာမျိုးမတွေ့ရပါဘူး။

NUG ကတော့ တော်လှန်ရေးအတွက် ပိုမိုအားကောင်းတဲ့ဦးဆောင်မှုပေးနိုင်မယ့်စုဖွဲ့မှု ဖြစ်ပေါ်လာဖိ့အတွက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က တော်လှန်ရေးအင်အားစုတွေဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ အခိုင်အမာ ရပ်တည်ဖို့လိုအပ်ပြီး စုစည်းညီညွတ်မှုရှိရမှာဖြစ်သလို အပြန်အလှန် လေးစားအသိအမှတ်ပြုရမှာလို့လည်း ဆိုပါတယ်။

စုစည်းမှုအနေနဲ့ဆိုရင်တော့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဗန်းမော်တိုက်ပွဲမှာဆိုရင် KIA နဲ့အတူ လူမျိုးပေါင်းစုံပါဝင်တိုက်ခိုက်ပေးနေတာလို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကအသိပေးပါတယ်။

ဗန်းမော်တိုက်ပွဲဟာတစ်နှစ်ကျော်ကြာမြင့်လာပြီးဖြစ်သလို အရင်းအနှီးကြီးပြီး ခက်ခဲမယ်ဆိုတာသိပေမယ့် နိုင်ငံရေးသိက္ခာ တိုက်ပွဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook