Connect with us

Hi, what are you looking for?

သတင်း

ရာသက်ပန်အုပ်ချုပ်ဖို့မသမာတဲ့နည်းနဲ့ လုပ်နေတဲ့ စစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်အားလုံးဖြိုဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

စစ်အုပ်စုဟာနိုင်ငံကို လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ ရာသက်ပန်အုပ် ချုပ်နိုင်ဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို မသမာတဲ့နည်းလမ်းနဲ့ လုပ်ဆောင်အနိုင်ယူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး အဲဒီစစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေကို ဖြိုချဖျက်ဆီးကြရမှာ ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း။ ဓာတ်ပုံ - KNU

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်အုပ်စုဟာနိုင်ငံကို လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ ရာသက်ပန်အုပ် ချုပ်နိုင်ဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို မသမာတဲ့နည်းလမ်းနဲ့ လုပ်ဆောင်အနိုင်ယူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး အဲဒီစစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေကို ဖြိုချဖျက်ဆီးကြရမှာ ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ရက်မှာ ကျရောက်တဲ့(၇၈) ကြိမ်မြောက် ကရင်အမျိုးသားနေ့သို့ KNU ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားခဲ့ရာ အခုလို ပြောကြားခဲ့တာပါ။

လက်ရှိဟာ ကရင်အမျိုးသားတွေအတွက်သာမက အခြားသောလူမျိုး များ အတွက် စိန်ခေါ်မှုများ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်တယ်လို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး စစ်တပ်ရဲ့ အာဏာသိမ်းယူခဲ့မှုဟာ ကရင်အမျိုးသားတွေနဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ လိုလားချက် ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မယ့် ရည်မှန်းချက်နဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ကရင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားအားလုံး ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုး တက်နိုင်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလူမျိုးများအားလုံးအတူတကွ လက်တွဲပြီး အာဏာရှင်စနစ်ရဲ့ ထောင့်တိုင်အားလုံးကို ဖြိချဖျက်ဆီးရမယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

” အနာဂတ်နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ကရင်လူမျိုးများ ရေရှည် တည်တံ့ခိုင်မြဲရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။ ခိုင်မာသော စိတ်ဓာတ်ဖြင့် ကျွန်ုပ်တို့၏ အမျိုးသားရန်သူဖြစ်သည့် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ဖျက်ရမည်”လို့လည်း ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းရဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။

ကရင်အမျိုးသားများ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ၊ အမျိုးသားလက္ခဏာတွေကို ကိုင်ဆွဲကာအမျိုးသားရည်မှန်း ချက်ပန်းတိုင်ပြည့်မီရေး လုပ်ဆောင်ဖို့၊ မှန်းချက်ပန်းတိုင် ပြည့်မီ ရေး ကျရာကဏ္ဍမှာ ယုံကြည်ချက်အပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်ဖို့လည်း KNU ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။

ဖေဖော်ဝါရီ ၅ရက်က ကျရောက်တဲ့ (၇၉) နှစ်မြောက် KNUဖွဲစည်းတည်ထောင်ခြင်းနေ့ မိန့်ခွန်းမှာလည်း ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက KNU ရဲ့ အဓိကတာဝန်ဟာ ကရင်လူမျိုးတိုရဲ့ နိုင်ငံရေး ရည်မှန်းချက် အပြည့်အဝ အောင်မြင်မှုရရှိဖိုအတွက်ပဲဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက် အပြည့်အ၀ မရသေးတဲ့တော်လှန်ရေးကာလ အတွင်းမှာ ကြုံရမယ့် စိတ်ခေါ်မှု တွေနဲ့ နှောက်ယှက်မှုတွေ အားလုံး ရင်ဆိုင်ဖိုတော်လှန်ရေး သန္နိဌာန် ချထားရမယ်လို့ ပြောကြားခဲ့ပါတယ်။

တော်လှန်ရေးသဘောထားခံယူချက်၊ ကျွမ်းကျင်မှု အရည်အချင်းတွေနဲ့ အတူ လိုအပ်တဲ့ ပစ္စည်းတန်ဆာများတိုကို ပြင်ဆင်တပ်ဆင်အသုံးပြုပြီး ရှေ့ဆက် ကြုံတွေ့လာနိုင်မယ့် အရာများစွာအတွက် ကြိုတင်ပြင်ဆင်ထားဖို့ မှာကြားခဲ့တာပါ။

၂၀၂၅ ဇန်နဝါရီ ၃၁ရက်က ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်းမှာလည်း KNU ဥက္ကဋ္ဌက နိုင်ငံအပေါ် စစ်တပ်အာဏာကြီးစိုးရေး ကြိုးပမ်းမှုတွေကို ပြတ်သားစွာ ဆန့်ကျင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ဆန့်ကျင်လှုပ်ရှားမှုတွေကို ရှိသမျှအားနဲ့ ဖြိုခွဲချေမှုန်းနေသလို အာဏာတည်မြဲရေးအတွက် နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှု ရရှိရေး နည်းပရိယာယ်အမျိုးမျိုးသုံး ရွေးကောက်ပွဲ လုပ်ဆောင်နေမှု အခြေအနေတွေကို KNU ဥက္ကဋ္ဌက ပြောပြပြီး အဲဒီ အစီအစဉ်ဟာ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ဆက်လက်တည်မြဲဖို့နဲ့ နိုင်ငံအပေါ်မှာ စစ်တပ်အာဏာ ဆက်လက် ကြီးစိုးဖို့သာဖြစ်လို့ လုံး၀လက်ခံလို့ မရကြောင်း အသိပေးခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။