Connect with us

Hi, what are you looking for?

သတင်း

ကရင်အမျိုးသားတွေရဲ့တိုက်ပွဲဝင်နေမှုဟာ နွေဦးတော်လှန်ရေးအောင်မြင်မှုအတွက် အဓိကကျတဲ့ မဏ္ဍိုင်ဟု NUG ပြော

ကရင်အမျိုးသားခေါင်း ဆောင်တွေနဲ့ ရဲဘော် တွေရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုတွေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင် တိုက်ပွဲ ဝင်နေမှုတို့ဟာ နွေဦးတော်လှန်ရေး အောင်မြင်မှုအတွက် အဓိကကျတဲ့ မဏ္ဍိုင်ကြီးတစ်ခု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။

ကေအဲန်ယူ မြိတ်ထားဝယ်ခရိုင်ဌာနချုပ်အတွင်း ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် ကရင် အမျိုးသား‌နေ့ ဂုဏ်ပြုပွဲအခမ်းအနား။ ဓာတ်ပုံ - KNU-MTD

ဖေဖော်ဝါရီ-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားခေါင်း ဆောင်တွေနဲ့ ရဲဘော် တွေရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုတွေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင် တိုက်ပွဲ ဝင်နေမှုတို့ဟာ နွေဦးတော်လှန်ရေး အောင်မြင်မှုအတွက် အဓိကကျတဲ့ မဏ္ဍိုင်ကြီးတစ်ခု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။

NUG အနေနဲ့လည်း ကရင်အမျိုးသားထုတရပ်လုံးနဲ့ လက်တွဲပြီး အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ သန္နိဋ္ဌာန်ပြုကြောင်း ဖော်ပြပါတယ်။

ကရင်တိုင်းသားတို့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်မှာလည်းကောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းအမျိုးသားရေးမျှော်မှန်းချက်တွေနဲ့ တန်းတူညီမျှရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ပြီး ယနေ့အချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ သတ္တိတို့ဖြင့် ရွပ်ရွပ်ချွံချွံ တော်လှန်နေကြတာဖြစ်ကြောင်း၊ အဲဒီလို ခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်ကိုအစဉ်အမြဲ အလေးအနက် တန်ဖိုးထားမှတ်တမ်းတင်ကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေး အခင်းအကျင်းမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ အတူ ကရင်အမျိုးသား တော်လှန်ရေးတပ်ဖွဲ့တွေဟာ အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့မှာ အခြားသော တိုင်းရင်းသားညီနောင်တွေနဲ့အတူရှေ့တန်းမှ ဦးဆောင်ပါဝင်နေကြတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

အဲဒီလို ဦးဆောင်ပါဝင်နေသလို တော်လှန်ရေး အင်အားစုများအကြား ဘုံသဘောတူညီချက်များ ချမှတ်နိုင်ရေးနဲ့ ဖက်ဒရယ်ယူနစ် တစ်ခုအဖြစ် “ကော်သူးလေ” (Kawthoolei) ကို အကောင်အထည်ဖော်နိုင်မယ့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း NUG ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

NUGနဲ့ KNUတို့ဟာ အခြားသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ပူးပေါင်းပြီး တော်လှန်ရေးအောင်မြင်စွာ ဆင်နွှဲနိုင်ရေး ဆွေးနွေးနေကြတယ်လို့ ဆွေးနွေးမှုမှာပါဝင်တဲ့ KIO အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသိပေးထားပါတယ်။

KNUဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလူမျိုးများအားလုံးအတူတကွ လက်တွဲပြီးအာဏာရှင်စနစ်ရဲ့ထောင့်တိုင်အားလုံးကို ဖြိချဖျက်ဆီးရမယ်လို့ ဒီကနေ့ ကရင်အမျိုးသားနေ့ မိန့်ခွန်းမှာ အလေးထားပြောကြားခဲ့ပါတယ်။

(ကေအဲန်ယူ မြိတ်ထားဝယ်ခရိုင်ဌာနချုပ်အတွင်း ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် ကရင် အမျိုးသား‌နေ့ ဂုဏ်ပြုပွဲအခမ်းအနား။ ဓာတ်ပုံ – KNU-MTD)

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook