Connect with us

Hi, what are you looking for?

သတင်း

လူထုဟာပြောတိုင်းယုံတဲ့အစားမဟုတ်လို့ ဦးဆောင်သူတွေပါးနပ်ဖို့လိုကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော

ပြည်သူလူထုတွေရဲ့အသိအမြင်တွေကို ပုံသွင်းခဲ့တာတွေဟာ လက်ရှိမှာပြန်အခက်အခဲ ဖြစ်စေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က KIOနဲ့ ကချင်လူထု အကြား အခြေအနေတွေကို ဥပမာပေးပြောကာ ဦးဆောင်သူတွေအနေနဲ့ ပါးနပ်မှု ရှိဖို့လိုကြောင်းလည်း သတိပေးခဲ့ပါတယ်။

ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းကနေ ပါဝင်တက်ရောက်ပြောကြားနေစဉ်။ ဓာတ်ပုံ - Screengrab

ဖေဖော်ဝါရီ-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူလူထုတွေရဲ့အသိအမြင်တွေကို ပုံသွင်းခဲ့တာတွေဟာ လက်ရှိမှာပြန်အခက်အခဲ ဖြစ်စေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က KIOနဲ့ ကချင်လူထု အကြား အခြေအနေတွေကို ဥပမာပေးပြောကာ ဦးဆောင်သူတွေအနေနဲ့ ပါးနပ်မှု ရှိဖို့လိုကြောင်းလည်း သတိပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ဒုတိယပတ်က အမေရိကန်မှာ ပြုလုပ်တဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနား ကို ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းကနေ ပါဝင်တက်ရောက်ပြီး စစ်ရေးနဲ့ နိုင်ငံရေးကို လိမ္မာပါးနပ်စွာ ပေါင်းစပ်ဖော်ဆောင်ရမယ့် အခြေအနေတွေကို ရှင်းပြခဲ့သလို တိုက်ပွဲမရှိဘဲ နိုင်ငံ တည်ဆောက်နိုင်ခဲ့တဲ့ အခြေအနေ၊ လက်ရှိ မြန်မာနိုင်ငံဟာ တိုက်ပွဲမရှိဘဲ တည်ဆောက်လို့ မရတဲ့ အခြေအနေတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

” ကျနော်တို့ တော်လှန်နေတဲ့ အစိုးရက ဘယ်လို အမျိုးအစားလည်းဆိုတာ လည်း အရေးကြီးပါတယ်။အိန္ဒိယရဲ့ ခေါင်းဆောင်များက အကြမ်းမဖက်တဲ့နည်းနဲ့တော်လှန်တာ သူတို့ တော်လှန်တဲ့ အစိုးရက ဗြိတိသျှအစိုးရ ဖြစ်ပါတယ်။ အဲဒီတော့ သူတို့က အောင်မြင်ပါတယ်။ ကျနော်တို့ဆီမှာ အဲဒီလိုလုပ်လို့မရဘူး”လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ရှိတဲ့ အရင်းအမြစ်နဲ့ သွားတဲ့အခါမှာ လက်နက်ကိုင်လမ်းစဉ်တခုတည်းနဲ့ သွားမှာလား ၊ နယ်မြေအနေအထားအရ သွားနိုင်မလား လိမ္မာပါးနပ်စွာ ဦးဆောင်ဖို့လိုကြောင်း၊ လူထုရဲ့ အသိလူထုရဲ့ နိုင်ငံရေးအမြင် လူထုရဲ့ ပုံသွင်းခဲ့တာတွေ တွေက ပြန်အခက်အခဲဖြစ်စေကြောင်း၊ လူထုရဲ့ ယုံကြည်မှုရဖို့ ကြိုးစားရမှာဖြစ်ကြောင်း ပြောပြီးလက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ အပြောခံရတာကို ထည့်သွင်း ပြောပါတယ်။

” ကျနော်တို့ ကချင်လူထုလည်း ကချင်လူထုက KIO ပြောလို့ရှိရင် နားထောင်တယ်။ နောက်ပိုင်း သိပ်နားမထောင်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ပိုပြီး အသိဉာဏ်မြင့်လာတယ် ဗဟုသုတရှိလာတဲ့အခါ ပြောပြီး ယုံတဲ့ အစားထဲမှာ မပါတော့ဘူး ကချင်လူထုက”လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။

အရင် KIO ဥက္ကဋ္ဌ ဘရန်ဆိုင်းလက်ထက်က ဥက္ကဋ္ဌ နိုင်ငံတကာ ခရီးသွားရင် ဘယ်သွားတယ် ဘယ်သူနဲ့ တွေ့တယ်ဆိုတာ ကချင်လူထုက မသိပေမယ့် ကချင်လူထုက ဥက္ကဋ္ဌဘရန်ဆိုင်း စဉ်းစားတာတွေ အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့တာမျိုးဖြစ်ပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက် ဦးအောင်မင်းတို့နဲ့ ဆွေးနွေးချိန် ကချင်လူထု ဆုတောင်းမှုမှာ ဘုရားသင်က ဒုဗိုလ်ချုပ်ကြီးဂွန်မော်အပါအဝင် KIO ခေါင်းဆောင်တွေရဲ့ အတွေးအခေါ် တွေကို ထိန်းကွပ်ပေးဖို့ ဆိုတဲ့ ဆုတောင်းမှုမျိုး ကချင်လူထုက လုပ်ဆောင်ခဲ့တာရှိကြောင်း ရှင်းပြပါတယ်။

“အဲဒီအခါမှာ ဦးဆောင်တဲ့ လူတွေကပိုပြီး လိမ္မာပါးနပ်ဖို့လိုပါတယ်”ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

အဲဒီလို ရှင်းပြပြီး KIOရဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ရှင်းပြခဲ့ရာ KIOဟာ ဌာနေသားတွေကို အမြဲအလေးထားကြောင်း အသိပေးပါတယ်။

“အထူးသဖြင့် ကျနော်တို့မှာ ဌာနေသားဆိုတာ ရှမ်းနဲ့ ကချင်ဖြစ်ပါတယ်”လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

ညောင်နှစ်ပင်ညီလာခံ သွားတဲ့အခါ ကချင်ပြည်နယ်ရဲ့ အခြေခံဥပဒေမူကြမ်းရေးတာမှာ ကချင်ပြည်နယ်ရဲ့ အကြီးအကဲသည် ကချင်ဖြစ်ရမယ်ဆိုတဲ့ အချက်ကို KIOက ကချင်ပြည်နယ်ရဲ့ အကြီးအကဲသည် ကချင်ဖြစ်ရမည်ဟု မဆိုလိုဟု ပြန်ပြင်ဆင်ရေးသားခဲ့ကြောင်း အဲဒီလို ပြင်ဆင်တာဟာ ကချင်ပြည်နယ်မှာ ရှမ်းလူမျိုးတွေဟာ ဌာနေသားတွေဖြစ်လို့ ရှမ်းလူမျိုးခေါင်းဆောင်တွေ လူထုက ရွေးချယ်လို့ရှိရင် ကချင်ပြည်နယ်မှာ အကြီးအကဲဖြစ်ခွင့်ရှိတဲ့ဆိုတဲ့ အယူအဆ အပေါ်မှာ KIO ရဲ့သဘောထား အသိပေးခဲ့တာဖြစ်ကြောင်း ရှင်းပြပါတယ်။

ဒါ့အပြင် လူထုက သိလိုတဲ့ KIO/KIA ရဲ့ ဘဏ္ဍာငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး လေ့လာဖို့ အသိပေးလို့ရတာတွေကိုဒုဗိုလ်ချုပ်ကြီးဂွန်မော်က အသိပေးခဲ့ပါတယ်။ ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၅ ဇွန်အထိ KIO ဌာနအချို့မှာ ဘဏ္ဍာငွေ သုံးစွဲမှု အချက်အလက်တွေကို ပြသခဲ့ပါတယ်။ ဘဏ္ဍာရေးသုံးစွဲမှု ကြီးမားကြောင်း ရှင်းပြပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ကာလဖြစ်လို့ လမ်းပမ်းဆက်သွယ်ရေးကဏ္ဍမှာ များစွာ မလုပ်နိုင်ခဲ့ကြောင်း အသိပေးပါတယ်။ ကျန်းမာရေးကဏ္ဍမှာတော့ လူထုကျန်းမာရေးမှာ သုံးစွဲတဲ့ ဘတ်ဂျက်တွေရှိကြောင်း ပြောပြထားပြီး လူထုကို အသိပေးတဲ့ အချက်အလက်တွေမှာ တိုက်ပွဲသုံး ဘတ်ဂျက်တော့ ထည့်မထားကြောင်း ပြောပါတယ်။

တော်လှန်ရေးအောင်မြင်အောင်သွားဖို့လိုအပ်လာဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပြီး မိမိယုံကြည်ရာ ဘုရားသခင်ရဲ့သနားကြင်နာခြင်းမျှော်လင့်ဖို့လိုကြောင်း၊ စုစည်းညီညွတ်ခြင်းအား လိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။