Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ စစ်တပ်တိုက်ခိုက်ခံရပြီး ၉ဦးသေ၊ လက်နက် ၇လက် KNLA ပူးပေါင်းတပ် သိမ်းရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာသေဆုံးမှု ရှိခဲ့ပြီး လက်နက်တွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ သေဆုံး ရုပ်အလောင်းတွေ။ ဓာတ်ပုံ - KNU-MTD

ဖေဖော်ဝါရီ-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာသေဆုံးမှု ရှိခဲ့ပြီး လက်နက်တွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ သေဆုံး ရုပ်အလောင်းတွေ။ ဓာတ်ပုံ – KNU-MTD

ဖေဖော်ဝါရီ ၁၀ရက်မှာ သရက်ချောင်းမြို့က တဆင့်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄) တပ်ရင်း(၁၂)၊တပ်မဟာ(၆) တပ်ရင်း(၂၇) တော်လှန်ရေးပူး‌ပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ် ၉ဦးသေဆုံးပြီး MA1(၂)လက်၊ MA3(၅)လက်နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

” စစ်ကြောင်းက သရက်ချောင်းကနေ သူတို့ ဝင်း၀ တပ်စခန်းကို အင်အားပြန်ဖြည့်ဖို့ စစ်ကြောင်းထိုးတာ။ ဒီဘက်က ကြားဖြတ်တိုက်ခိုက်တာ။ ဟိုဘက်က အထိနာတာတော့ များတာပေါ့။ လောလောဆယ် အလောင်းတော့ ၉လောင်းရထားတယ်။ လက်နက်တချို့လည်း ရရှိတယ်ပေါ့။ ဒါကတော့ ကျနော်တို့ ထုတ်ပြန်ချက်မှာလည်း ပါပြီးသားဖြစ်တယ်” လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဝင်း၀တပ်စခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းဖြစ်ပြီး အင်အား ၁၀၀ ခန့်ရှိတဲ့ အခြေအနေမှာ စစ်ကောင်စီက အင်အားထပ်ဖြည့်ဖို့ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

လက်ရှိမှာ အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဆက်တိုးလို့မရလို့ နောက်ပြန်ဆုတ်သွားတယ်လို့လည်း KNLA သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။