Connect with us

Hi, what are you looking for?

သတင်း

ပဒိုမန်းရှာဖြစ်စေချင်တဲ့ အာဏာရှင်စနစ်အမျိုးမျိုးကျရှုံးအောင် ညီညွတ်စွာတိုက်ပွဲဝင်ဖို့ ကရင်လူငယ်အဖွဲ့ KYOခေါင်းဆောင် တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဖဒိုမန်းရှာလားဖန်း ဖြစ်စေချင်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို ညီညွတ်စွာ တိုက်ဖျက်ကြဖို့ ကရင်လူငယ်အစည်းအရုံး(KYO) ပြောရေးဆိုခွင့်ရှိသူ စောအယ်ထီးကော်က ပြောပါတယ်။

ဖေဖော်ဝါရီ-၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဖဒိုမန်းရှာလားဖန်း ဖြစ်စေချင်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို ညီညွတ်စွာ တိုက်ဖျက်ကြဖို့ ကရင်လူငယ်အစည်းအရုံး(KYO) ပြောရေးဆိုခွင့်ရှိသူ စောအယ်ထီးကော်က ပြောပါတယ်။

ဒီကနေ့ ၂၀၂၆ ဖေဖော်ဝါရီ ၁၄ ရက်ဟာ KNU ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရတာ ၁၈နှစ်ပြည့်နေ့ဖြစ်ပြီး KYO ခေါင်းဆောင်က အခုလို အမှတ်တရ အောက်မေ့ဖွယ်စကား ပြောကြားခဲ့တာပါ။

ပဒိုမန်းရှာကို မြန်မာစစ်တပ်မှ လာရောက်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ KNU ရဲ့ ပဒိုမန်းရှာကျဆုံးမှု အောက်မေ့ဖွယ် ဖော်ပြချက်မှာ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“သူလမ်းညွှန်ခဲ့တဲ့အရာတွေ သူဖြစ်စေချင်ခဲ့တဲ့ အရာတွေအားလုံးဟာ ကျနော်တို့ ကရင်တမျိုးသားလုံး တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စည်းစည်းလုံးလုံးနဲ့ ဒီစစ်အာဏာရှင်စနစ်တွေ အာဏာရှင်စနစ်အမျိုးမျိုးကျရှုံးသွားအောင် ကျနော်တို့ ဆက်ပြီးမှ တိုက်ပွဲဝင်သွားရမှာဖြစ်တယ်” လို့ စောအယ်ထီးကော်က ပြောပါတယ်။

ပဒိုမန်းရှာ ကျဆုံးခဲ့ရတဲ့ ဖေဖော်ဝါရီ ၁၄ရက်ဟာ ကရင်အမျိုးသားတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခုရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ နေ့တနေ့ဖြစ်တယ်လို့ ပြောပါတယ်။ ကရင့်ခေါင်းဆောင် ကွယ်လွန်တာ ၁၈နှစ်ပြည့်တဲ့အထိ ကရင်တွေဟာ နှစ်စဉ်နှစ်တိုင်း ပဒိုမန်းရှာကို သတိရအောက်မေ့တဲ့ အနေနဲ့ ရှိတဲ့နေရာ ရောက်တဲ့ အရပ်မှာ အောက်မေ့ဘွယ် အစီအစဉ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

“ဆက်ပြီးတော့လည်း လုပ်သွားမှာ။ ဘာဖြစ်လို့ လုပ်ရလဲ သတိရလဲ အောက်မေ့ရလဲ ဆိုတဲ့ဟာမျိုးက ဘာဖြစ်လို့လဲဆိုတော့ အဖူး ပဒိုမန်းရှာက ကရင့်တော်လှန်ရေးတလျှောက်လုံးမှာရော ကရင့်မျိုးဆက်သစ် လူငယ်တွေ ပြုစုပျိုးထောင်ရေးမှာ တကယ် စံပြ ဖြစ်ခဲ့သလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ တိုင်းရင်းသား ပေါင်းစည်းရေးအတွက် တကယ် ရှေ့ဆောင်လမ်းပြ ဦးဆောင်နိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ခဲ့တယ်” လို့ စောအယ်ထီးကော်က ပြောပါတယ်။

ပဒိုမန်းရှာဟာ သူပြောကြားခဲ့သလို သူကိုယ်တိုင် ပြုမူကျင့်ကြံဖြတ်သန်းခဲ့သူဖြစ်လို့ ကရင်တွေသာမက အခြား တိုင်းရင်းသားတွေရဲ့ လေးစားမှု ရရှိခဲ့သူလို့ ပြောပြပါတယ်။

“သူ့ရဲ့ အဆိုအမိန့်ထဲမှာ ကျနော်တို့ မှတ်မှတ်ရရတခုရှိတာတော့ ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှု ရှိရမယ်ပေါ့နော်။ ထို့အတူ အဖူးပဒိုမန်းရှာကလည်း ကျနော်တို့ ကရင်အမျိုးသားသာမက အခြားသော တိုင်းရင်းသားလူမျိုးတွေအားလုံးက အသိအမှတ်ပြု လေးစားရတဲ့ စံထားရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ခဲ့တယ်ဆိုတာက ဒါ သမိုင်းက မှတ်တမ်းရှိနေတယ်” လို့ စောအယ်ထီးကော်က ပြောပါတယ်။

KNUရဲ့ ပဒိုမန်းရှာလားဖန်း အောက်မေ့ဖွယ်ဖော်ပြချက်မှာ ပဒိုမန်းရှာလားဖန်း ရှိစဉ်က မိန့်ကြားခဲ့ဖူးတဲ့ အဆိုအမိန့်တွေကို ပြန်လည်ဝေငှခဲ့ပါတယ်။

“ဘယ်နေရာမှာပဲရှိနေပါစေ တော်လှန်ရေးလုပ်ချင်တဲ့ စိတ်ရှိရင် လုပ်လို့ရတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လို့ရတယ်။ ဒါကြောင့် ကျနော်တို့အားလုံးတော်လှန်ရေး လုပ်ကြရမယ်။” လို့ ပဒိုမန်းရှာလားဖန်းက ပြောကြားခဲ့တာကို ဖော်ပြထားပါတယ်။

“ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်။” ဆိုတဲ့ ပဒိုမန်းရှာလားဖန်းရဲ့ အဆိုအမိန့်ကို KNUက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း နည်းမျိုးစုံနဲ့ ရောက်နေတဲ့ လူငယ်တွေ ရတဲ့နည်းနဲ့ တော်လှန်ရေးဘက် ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်ကရင်လူငယ်အစည်းအရုံး(KYO) အတွင်းရေးမှူး စောအယ်ထီးကော်က တိုက်တွန်းပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်အရုံး(KNU) မြိတ် - ထားဝယ်ခရိုင်တွင် ခရိုင်ကရင်လူငယ်အစည်းအရုံး (KYO)က ဦး‌ဆောင်ပြီး ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ကြောင်း အဆိုပါခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်လူမျိုးတစ်ဦးစီတိုင်းရဲ့ ပေးဆပ်မှု ၊အနစ်နာခံမှု ၊ကိုယ်ကျိုးစွန့်မှုတွေ မရှိရင် ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ဘူးလို့လည်း KYO ကအသိပေးထားပါတယ်။

သတင်း

လတ်တလောမှာ ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းက ဒေသခံအရပ်သားပြည်သူဦးရေး သောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲနဲ့ ကျန်းမာရေးဆိုင်ရာပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။