Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ တောင်ဘက် ဖလူး ဒေသမှာ စစ်ကောင်စီလေတပ် ဗုံးကြဲ

စစ်ရေးတင်းမာနေတဲ့မြ၀တီမြို့တောင်ဘက်ဖလူးဒေသအနီးကို (ဖေဖော် ဝါရီ ၁၈ ရက် ) မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ထိုင်းနယ်စပ် သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

(၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ။ ဓာတ်ပုံ - CINCDS)

ဖေဖော်ဝါရီ-၁၈၊၂၀၂၆။နိုင်ပကောင်း/People’s Spring

စစ်ရေးတင်းမာနေတဲ့မြ၀တီမြို့တောင်ဘက်ဖလူးဒေသအနီးကို (ဖေဖော် ဝါရီ ၁၈ ရက် ) မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ထိုင်းနယ်စပ် သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

ဒီနေ့ မနက် ၉ နာရီအချိန်မှာထိုင်း – မြန်မာ နယ်စပ်အနီး ကရင် ပြည်နယ် ၊မြဝတီမြို့နယ် ၊ဖလူးဒေသ တောင်ခြေ အနီးက နေရာတွေကို ဗုံးကြဲတာပါ။

KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရှိနိုင်မယ့်နေရာတွေကို ဗုံးကြဲသွားတာလို့ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်မှာရှိတဲ့ ထိုင်းသတင်းရင်းမြစ်ကလည်း ထိုင်းစံတော်ချိန် မနက် ၉ နာရီ ၄၅ မိနစ် မှာ မြန်မာဘက်ခြမ်း ဖလူးမှာ တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်သွားတာလို့ အသိပေးထားပါတယ်။

မနေ့ (ဖေဖော်ဝါရီ ၁၇ ရက်)မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဖလူးကြီးကျေးရွာ ထဲ ကျရောက်ကာ နေအိမ်အချို့ ပျက်စီးခဲ့တာရှိတယ်လို့ဒေသခံပြောပါတယ်။

စစ်ကောင်စီတပ်ဟာ KNU/KNLAပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ မြဝတီမြို့တောင်ဘက်က မင်းလက်ပံရွာနဲ့ ဖလူးနယ်မြေတွေကို ပြန်လည်ရရှိရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။

လက်ရှိဖေဖော်ဝါရီလတတိယပတ်အထိ သိမ်းနိုင်တာမရှိပါဘူး။ဒါပေမယ့်တပ်မ(၂၂)လက်အောက်
ခံတပ်တွေကိုဖလူးဒေသဆီ ထပ်မံအင်အားဖြည့်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာ-ထိုင်နယ်စပ်၊ ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်နားမှာရှိတဲ့ ဝေါ်လေဗျူဟာတပ်စခန်း အနီးနဲ့ အာရှလမ်းဟောင်းနေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပစ်ကူပေးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဝေါ်လေဗျူဟာတပ်စခန်းအနီး တိုက်ပွဲတွေကြောင့် ကရင်ဒေသခံတွေဟာ ထိုင်းနယ်စပ်နဲ့ အခြားဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDFပူးပေါင်းတပ်တွေက ဝေါ်လေဗျူဟာတပ်စခန်းနဲ့ ကော့ကရိတ် – မြဝတီ လမ်းဟောင်းနေရာက စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်အထိ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေပြီး ဒေသခံတွေဟာ ထိုင်းနယ်စပ်နားနဲ့ အခြားဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေရတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဝေါ်လေဗျူဟာတပ်စခန်းမှာ ဖေဖော်ဝါရီ ၈ရက်ကစ တိုက်ပွဲဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၁၂ ရက်မနက်ပိုင်းအထိ စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ရက်ကလည်း ကော့ကရိတ် – မြဝတီလမ်းဟောင်းက အောက်ဘို့တဲ့နေရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တရက်တည်း တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တပ်ရင်းမှူးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။