Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသမှာ တိုက်ပွဲဆက်ဖြစ်နေ

ကရင်နီပြည်၊ ဖားဆောင်းမြို့ဘက်ကနေ မော်ချီးဒေသကို စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်နေပြီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကရင်နီတော်လှန်ရေးရဲဘော်တွေနဲ့ တာဝန်ရှိသူအချို့က ပြောပါတယ်။

(မော်ချီးဒေသကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုမြင်ကွင်း ဖြစ်ပါတယ်။ (ပုံအဟောင်းအသုံးပြုထားပါတယ်)

ဖေဖော်ဝါရီ-၂၃၊ ၂၀၂၆။ ဇော်ဝင်း/People’s Spring

ကရင်နီပြည်၊ ဖားဆောင်းမြို့ဘက်ကနေ မော်ချီးဒေသကို စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်နေပြီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကရင်နီတော်လှန်ရေးရဲဘော်တွေနဲ့ တာဝန်ရှိသူအချို့က ပြောပါတယ်။

ကရင်နီပြည်နယ်ရဲ့ တစ်ခုတည်းသော သယံဇာတ ဒေသဖြစ်တဲ့ ခဲတွင်းတွေရှိရာ မော်ချီးဒေသကို စစ်တပ်ကရယူဖို့ ကြိုးစားလာတာကြောင့် ဖားဆောင်း-မော်ချီးလမ်းပိုင်းက ခဲမဖြူကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“မော်ချီးကို စစ်ကြောင်းထပ်ထိုးဖို့ တာဆူနေတယ်။အဲဒီလိုပဲခန့်မှန်းရမယ်”လို့ ဖားဆောင်းမြို့နယ်မှာ ရှိနေတဲ့ စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နေ့စဥ်နီးပါစစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတဲ့အပြင် ဖားဆောင်းမြို့အထက်ခြမ်းက နန့်ကစ်နဲ့ ပါပုကျေးရွာအနီးတဝိုက်မှာလည်း ထိတွေ့မှုတွေ ရှိတယ်လို့ မြေပြင်ရဲဘော်တစ်ဦးက အသိပေးပါတယ်။

“စစ်တပ်စစ်ကြောင်းတွေ ထပ်မဝင်နိုင်အောင် ပိတ်နေတာနဲ့ မော်ချီးဘက် တိုးမလာဖို့အတွက် တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတယ်”လို့ သူက ပြောပါတယ်။

ဖားဆောင်းမြို့နဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပိတ်ဆို့ထားတဲ့ အခြေစိုက်တပ်ရင်း တွေကိုပြန်ရဖို့ စစ်တပ်က ဘောလခဲမြို့နယ်ဘက်ကနေ အင်အား ၈၀၀ ဝန်းကျင်နဲ့ ငါးလကျော်ကြာထိုးစစ်ဆင်ခဲ့ပြီး ဖေဖော်ဝါရီ ဒုတိယပတ်မှာမြို့ထဲက နေရာအများစုကို တော်လှန်ရေး အဖွဲ့တွေက ပြန်ဆုတ်ခဲ့ရပါတယ်။

ဖားဆောင်းမြို့မှာ ခလရ(၁၃၄)နဲ့ (၁၃၅ ) တပ်ရင်းအခြေစိုက်တပ်စခန်းနှစ်ခု ရှိပါတယ်။ပြီးခဲ့တဲ့နှစ်ဝက်က ဖားဆောင်းမြို့နယ်ရဲ့ ခလရ(၁၃၄)တပ်ရင်းကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က သိမ်းပိုက်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ စစ်တပ်က ပြန်ရသွားပါတယ်။

ကရင်နီတပ်ပေါင်းစုအလုံးစုံသိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ် နဲ့ ဖားဆောင်းကို ဆက်သွယ်ထားတဲ့ သံလွင်တံတား (ဖားဆောင်း) အပါအဝင် ဖား​ဆောင်းမြို့နယ်ထဲက ထူးချောင်း၊ပွန်ချောင်းတံတားတွေလည်း မိုင်းခွဲဖျက်ဆီးခံထားရပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်တွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။

လက်ရှိအခြေအနေအရဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA) ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။