Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်နဂါးနဲ့ လက်နက်ချBNRA တပ်ဖွဲ့ဝင်တွေက တော်လှန်ရေးရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့အချက်အလက်တွေကို စစ်တပ်ထံပေးပြီးစစ်တပ်ကမီးလိုက်ရှို့နေ

ပုလဲမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ဗိုလ်နဂါးနဲ့ လက်နက်ချBNRA တပ်ဖွဲ့ဝင်တွေက ပေးလိုက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။

(စစ်တပ်နဲ့ ပူး​ပေါင်းသွားတဲ့နဂါး ။ ဓါတ်ပုံ-စစ်​ကောင်စီ )

​ဖေ​ဖော်ဝါရီ-၂၄၊၂၀၂၆။ကဖေး/People’s Spring

ပုလဲမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ဗိုလ်နဂါးနဲ့ လက်နက်ချBNRA တပ်ဖွဲ့ဝင်တွေက ပေးလိုက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်အချို့က ဖေဖော်
ဝါရီလ၁၈ရက်နေ့မှာ အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းသွားတာဖြစ်ပြီး ဖေဖော်ဝါရီလ၁၉ရက်နေ့ကစပြီး စစ်ပ်က ပုလဲမြို့နယ်ထဲကို အင်အားတွေပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ​နောက်ဖေဖော်
ဝါရီလ၂၁ရက်နေ့ကစပြီး ပုလဲမြို့နယ်၊ကန်ပေါက်ရွာ နဲ့ ကျွန်းဘိုကုန်းရွာကို စတင်စစ်​ကြောင်းထိုးပြီး တော်လှန်ရေးရဲဘော်တွေရဲ့နေအိမ်တွေကို စာရင်းယူလာပြီး မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေကပြောပါတယ်။

“ကျမ ဝမ်းနည်းတယ်။ အိမ်ကို စစ်ကြောင်းရောက်
လာပြီး မီးရှို့သွားပြီ။သူတို့ဆီမှာစာရင်းတွေပါလာတယ်” လို့ စစ်တပ်စစ်ကြောင်းဝင်ရောက်လာလို့ ထွက်ပြေးတိမ်း​ရှောင်ခဲ့တဲ့ ဒေသခံမျိုးသမီးတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အထက်ပါအမျိုးသမီးဟာ ၂၀၂၃ ခုနှစ်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ PDF ရဲဘော်တစ်ဦးရဲ့ ဇနီးဖြစ်ပါတယ်။ ဖေဖော်ဝါရီလ၂၁ရက်နေ့က စစ်
ကြောင်းဝင်လာလို့ ကလေးနဲ့ မိသားစုဝင်တွေကို ခေါ်ပြီး ထွက်ပြေးခဲ့စဉ် ရွာက အိမ်ကို စစ်တပ်ကမီးရှို့ဖျက်ဆီးသွားတာပါ။

“နဂါးနဲ့ သူ့လူတချို့ကစစ်တပ်ကိုဒေတာတွေအ
ကုန်ပေးလိုက်တယ်ဗျ။အခုကတော်လှန်ရေးရဲ
ဘော်တွေရဲ့စာရင်းတွေနဲ့ လိုက်ဖျက်ဆီးနေတာ”လို့ အခြားဒေသခံတဦးကပြောပါတယ်။

စစ်တပ်က ပုလဲမြို့အနီးက ရွာတွေကို စစ်
ကြောင်း‌ ၂ကြောင်းခွဲပြီး ထိုးနေတာပါ။ဖေဖော်
ဝါရီလ၂၁ရက်နေ့ကနေ ​ဖေ​ဖော်ဝါရီ ၂၄ရက်အထိကန်ပေါက်ရွာ၊ ကျွန်းဘိုကုန်းရွာ၊ ကြောင်သန်းရွာ၊ ဆင်ရှင်ရွာ၊အင်ကြင်းစုရွာ၊ ကိုင်းတောရွာတွေကို ဝင်ရောက်ပြီး ဒေသခံတွေကိုဖမ်းဆီးစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းဝင်တဲ့ရွာတွေဟာ တော်လှန်
ရေးတပ် တပ်စွဲမထားတဲ့ ရွာတွေဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့အထိမြေပြင်တိုက်ပွဲမရှိသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

စစ်တပ်က မီးရှို့ဖျက်ဆီးမယ့်အန္တရာယ်​ကြောင့်စစ်
ကြောင်းမဝင်သေးတဲ့ ရွာကအိမ်တွေကို တံခါးရွက်ဖြုတ်ယူသိမ်းဆည်းတွေ၊အိမ်တွင်းပရိဘောဂပစ္စည်းတွေ ဖြုတ်သိမ်းတာတွေလည်း ပြုလုပ်နေကြရပါတယ်။

“တတ်နိုင်သလောက်ပေါ့ဗျာ။ ခွေးကြောင်းက
တော့ ရှို့မှာပဲ။ ရသလောက် ပြန်ယူထားတဲ့သ
ဘော။ တံခါးရွက်တွေလည်းဖြုတ်သိမ်းထားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။။

NUGလက်​အောက်ခံတပ်တွေနဲ့ BNRA တို့ကြားတင်းမာမှု​တွေမြင့်တက်ပြီး NUG ပြည်ထဲ​ရေးက အမှု ၇ မှုဖွင့်ပြီး​နောက်ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဖေဖော်
ဝါရီလ၁၈ရက်နေ့မှာဗိုလ်နဂါးကစစ်တပ်ထံအလင်း
ဝင်ခဲ့လို့ စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပါတယ်။ ဗိုလ်နဂါးအပြင် BNRA အဖွဲ့က စစ်ရေးတာဝန်ခံ၊ ဘဏ္ဍာရေးတာဝန်ခံနဲ့အဖွဲ့ဝင်အချို့လည်း စစ်တပ်ထံလက်နက်ချသွားတာမို့ ပုလဲမြို့နယ်အတွင်း လုံခြုံရေးနဲ့ စစ်ရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

စစ်ကောင်စီလက်ထဲမှာ ရှိနေတဲ့ BNRA အဖွဲ့ဝင်တွေက မြေပြင်မှာ ရှိနေတဲ့ BNRA အဖွဲ့ဝင်တွေလည်း အလင်းဝင်ဖို့ ဖုန်းကနေတဆင့် စည်းရုံးတာတွေရှိနေပါတယ်။BNRA တပ်ဖွဲ့အောက်မှာ အဖွဲ့ဝင် ၃၀၀ ကနေ ၄၀၀ ခန့်ရှိနိုင်ပြီး ယင်းမာပင်ခရ်ိုင်နဲ့မုံရွာခရိုင်အပြင် စစ်ကိုင်းတိုင်းနဲ့ ‌မကွေးတိုင်းကမြို့နယ်တချို့မှာပါ ဗိုလ်နဂါးက လက်နက်တွေ​ပေးပြီး စည်းရုံးထားတယ်လို့ တော်လှန်ရဲဘော်တွေကပြောပါတယ်။

အင်အား ၂၀၀ ကျော်ဟာ PDFနဲ့ ပကဖထံ လက်နက်ချပူးပေါင်းလာပြီး တော်လှန်ရေးမှာ ဆက်လက် ပါဝင်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။