Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးလှိုင်းပြင်းထန်လည်း ပြည်သူ့အင်အားရှိရင်အမြဲရှေ့လှမ်းနိုင်မယ်လို့ NUG ကာကွယ်ရေး ဒုဝန်ကြီးပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဟာ စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ပြည်သူလူထု အင်အားနဲ့ တော်လှန်ရေး (၅)နှစ်ခရီးမှာ အောင်ပွဲများစွာဆင်နွှဲနိုင်ခဲ့သလို တော်လှန်ရေးလှိုင်းအနိမ့်အမြင့်တွေကိုလည်း ကျော်ဖြတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။

(NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကို ရဲဘော်တွေနဲ့အတူ တွေ့ရစဉ်။ ဓာတ်ပုံ - MSRF)

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဟာ စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ပြည်သူလူထု အင်အားနဲ့ တော်လှန်ရေး (၅)နှစ်ခရီးမှာ အောင်ပွဲများစွာဆင်နွှဲနိုင်ခဲ့သလို တော်လှန်ရေးလှိုင်းအနိမ့်အမြင့်တွေကိုလည်း ကျော်ဖြတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနက ရဲဘော်တွေအတွက် ကျည်ကာပစ္စည်း တပ်ဆင်ပေးနိုင်ရေးလုပ်ဆောင်နေတဲ့ ဆီသို့လှမ်းချီ တနင်္သာရီကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ဖို့ တိုက်တွန်းစကား ပြောကြားရာမှာ ပြည်သူလူထု အင်အား အရေးကြီးကြောင်း ဒုဝန်ကြီးက ဖေဖော်ဝါရီ ၂၅ရက်မှာ အခုလို ပြောကြားခဲ့တာပါ။

” တော်လှန်ရေးလှိုင်း ဘယ်လောက်ပဲ ပြင်းထန်ပါစေ ပြည်သူလူထု အင်အားသာရှိရင် အမြဲရှေ့သို့ လှမ်းချီနိုင်မှာ ဖြစ်ပါတယ်”လို့ ဒုဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ တနင်္သာရီတိုင်းစစ်ဌာနအတွက် ကျည်ကာပစ္စည်းတွေ တပ်ဆင်ပေးနိုင်ဖို့ ကမ်ပိန်းမှာလည်း တော်လှန်ရေးရဲဘော်တွေအတွက် ကျည်ကာပစ္စည်းများ တပ်ဆင်ပေးနိုင်ရေး အားပေးကူညီဆောင်ရွက် ပေးဖို့ ဒုဝန်ကြီးက တိုက်တွန်းထားပါတယ်။

တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားကလည်း ပြီးခဲ့တဲ့ နှစ်မှာ တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီက တပ်ဖွဲဝင် ၁၀၀၀ ကျော်သေဆုံးကာ တနင်္သာရီတိုင်းစစ်ဌာန ဘက်က ရဲဘော် ၁၃၀ ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ မကြာသေးမီက အသိပေးထားပါတယ်။

ကျဆုံးရဲဘော်တွေထဲမှာ ရှေ့တန်းထွက်စဉ် ကျည်ကာ အပါအဝင် အကာအကွယ်ပစ္စည်းတွေ မစုံလင်လို့ ကျဆုံးတာတွေလည်း ဖြစ်ပေါ်ခဲ့ရတယ်လို့ ပြောပါတယ်။

လာမယ့် စစ်ဆင်ရေးတွေဟာ ပြောက်ကျားစစ် ထက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာတာဖြစ်လို ရဲဘော်တွေ အကာအကွယ်ရှိနေလို့ လိုအပ်ကြောင်းလည်း ရဲဘော်စတားက ပြောပါတယ်။

အထွေထွေထိုးစစ်မှာ တိုက်ခိုက်ရေးလုပ်နိုင်တဲ့ အင်အားတွေကို ထုတ်နုတ်ပြီး ချေမှုန်းရေးအဖွဲတွေနဲ့ထိုးစစ်ဆင်မှာဖြစ်လို ချေမှုန်းရေးတပ်မှာ ပါတဲ့ရဲဘော်တွေ တဦးချင်းစီအတွက် ကျည်ကာတွေလိုအပ်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook