Connect with us

Hi, what are you looking for?

သတင်း

NUG ကျန်းမာရေးရဲ့အဖွဲ့အစည်းအဖြစ် ဆက်ရပ်တည်မယ်လို့ တယ်လီကျန်းမာ ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်း၀န် ဒေါ်ကြည်ကြာ တိုင်ကြားခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အတိုင်းအတာ တရပ်အထိ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သလို ပိုမိုကောင်းမွန် ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ် အဖြစ် ဖော်ဆောင်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်မယ်လို့ ကတိပြုခဲ့တာကြောင့် တယ်လီကျန်းမာ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီ ၂၇ရက်မှာ ကြေညာပါတယ်။

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်း၀န် ဒေါ်ကြည်ကြာ တိုင်ကြားခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အတိုင်းအတာ တရပ်အထိ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သလို ပိုမိုကောင်းမွန် ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ် အဖြစ် ဖော်ဆောင်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်မယ်လို့ ကတိပြုခဲ့တာကြောင့် တယ်လီကျန်းမာ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီ ၂၇ရက်မှာ ကြေညာပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်နဲ့ ခင်ပွန်းဖြစ်သူတို့အား တိုင်ကြားထားတဲ့ အချက်များကို ရက်သတ္တပတ်တစ်ပတ်အတွင်း အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးဖို့ တယ်လီကျန်းမာက ဖေဖော်ဝါရီ ၂၀ရက်မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

အချိန်မီဖြေရှင်းမပေးရင် သီးခြားအဖွဲ့အဖြစ် ရပ်တည်မယ်လို့ သဘောထား ဖော်ပြခဲ့ရာ ဖေဖော်ဝါရီ ၂၁ရက်မှာ ဒေါ်ကြည်ပြာအမှု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့က သတင်းစာရှင်းလင်းပြီး စုံစမ်းရေးအစီရင်ခံစာ တွေ့ရှိချက် အကျဉ်းကို ထုတ်ပြန်ခဲ့တဲ့အပေါ် တယ်လီကျန်းမာအနေနဲ့ လက်ခံပြီး NUG ကျန်းမာရေးနဲ့ ဆက်လက်ပူးပေါင်းမယ့် အခြေအနေကို အသိပေးလာတာပါ။

Public Service Announcement

Public Service Announcement

“ယခုအခါ အဆိုပါတိုင်ကြားချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများသည် အတိုင်းအတာတစ်ရပ်အထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပိုမိုကောင်းမွန်၍ ပွင့်လင်းမြင်သာသော အစိုးရတစ်ရပ်အဖြစ် ဖော်ဆောင်နိုင်ရန် အစီအစဥ်များလည်း ချမှတ်ရေးဆွဲသွားမည်ဟု ကတိပြုခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် တယ်လီကျန်းမာသည် တော်လှန်ရေးကို ရှေးရှု၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ကတိပြုပြောကြားထားသည့် အစီအစဥ်များကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ယုံကြည်ပါသည်” လို့ တယ်လီကျန်းမာရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တယ်လီကျန်းမာကဲ့သို့ပင် CDM ကျန်းမာရေးကွန်ရက်ကလည်း အမြဲတမ်း အတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံရတဲ့ အမှုနဲ့ပတ်သက်ပြီး NUG အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစွာ CDM တွေနဲ့ လူထုအပေါ် အလေးထားတုံ့ပြန် ဆောင်ရွက်ခဲ့တာကို အထူးလေးစား အသိအမှတ်ပြု ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး NUGနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်ပြုလုပ်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

NUG ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ကလည်း စုံစမ်းစစ်ဆေးရေး အဖွဲရဲ့ ရှင်းလင်းချက် ထုတ်ပြန်ရှင်းလင်းပေးမှု အပေါ် ကြိုဆိုကြောင်း က ထုတ်ပြန်ခဲ့ပြီး ခေတ္တရပ်နား ထားခဲ့ရသော စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်လုပ်ဆောင်မယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုဖြစ်တဲ့ ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(KSCCSC) ၊ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-SFU)၊ ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(BRCC)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) ၊ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ အဖွဲ့အစည်း(YFCCO) တို့က လည်းအမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း CDM တွေနဲ့ ထောက်ပို့ ပြည်သူတွေကို အလေးထားလို့ သတင်းစာ ရှင်းလင်းပွဲကို အမြန် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း အသိပေးပြီး စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ချက်တွေနဲ့ ဆက်လက်အရေးယူဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ အကြောင်း ရှင်းပြခဲ့ပါတယ်။

CDM တွေက တော်လှန်ရေးရဲ့ ထောက်တိုင်ဖြစ်ပြီး CDM တွေမရှိရင် NUG လည်ပတ်ဖို့ မဖြစ်နိုင်ဘူး လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားခဲ့ပြီး ပြည်သူတွေ ၊ ထောက်ပို့တွေ ၊ CDM တွေ နဲ့အတူ NUG က တသားတည်း ရပ်တည်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။