Connect with us

Hi, what are you looking for?

သတင်း

စံပါယ်နံ့သာဂိတ်မှာ စစ်တပ်က ကုန်ကားအစီး ၁၀၀ကျော်ဖမ်းပြီး ကုန်တွေသိမ်းယူ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့တွင်းက ပျူ‌‌စောထီးတွေ ရိက္ခာပြတ်လပ်မှုတွေဖြစ်လို့ဆိုပြီး စစ်တပ်က ရွှေဘို- မြစ်ကြီးနားကုန်ကူးတဲ့ ကုန်ကားအစီး ၁၀၀ကျော်ကို စံပါယ်နံ့သာဂိတ်မှာဖမ်းဆီးပြီး ကုန်တွေသိမ်းယူသွားတယ်လို့ ဖြစ်စဉ်ကိုသိရှိထားသူတွေက ပြောပါတယ်။

ရွှေဘို-မြစ်ကြီးနားလမ်း ကွင်းလမ်းတနေရာက ကုန်ကားတွေ ယာဉ်တန်း။ ဓာတ်ပုံ - CJ

ဖေဖော်ဝါရီ၂၈၊၂၀၂၆။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့တွင်းက ပျူ‌‌စောထီးတွေ ရိက္ခာပြတ်လပ်မှုတွေဖြစ်လို့ဆိုပြီး စစ်တပ်က ရွှေဘို- မြစ်ကြီးနားကုန်ကူးတဲ့ ကုန်ကားအစီး ၁၀၀ကျော်ကို စံပါယ်နံ့သာဂိတ်မှာဖမ်းဆီးပြီး ကုန်တွေသိမ်းယူသွားတယ်လို့ ဖြစ်စဉ်ကိုသိရှိထားသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ၂၇ ရက်‌က ကန့်ဘလူမြို့ကနေစစ်ကြောင်းထွက်လာပြီး စံပါယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ကားတွေကို ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

“ကန့်ဘလူကမြို့ထဲကလူတွေက စားနပ်ရိက္ခာ၊ဆေးဝါးကအစ အကုန်ပြတ်လပ်သွားတာလေ။အဲ့အချိန်မှာ ကတ္တရာလမ်းပိုင်းကို မဖမ်းတော့ဘူး။အခွန်မကောက်တော့ဘူးဆိုပြီး စစ်တပ်က အရင်လွှတ်ပေးထားတာ။အဲ့တော့ကားသမားတွေက လည်းကွင်းလည်းကမသွားဘဲ ဒီလမ်းကိုသုံးပြီးသွား နေတဲ့အချိန်မှ အမေ့ကောက်ပြီး မနေ့က အကုန်ဖမ်းလိုက်တာ။အစီးတရာကျော်တယ် တဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စံပါယ်နံ့သာဂိတ်ဟာ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ပျူစောထီးတွေ‌‌ပူးပေါင်းအထိုင်ချထားတဲ့ ဂိတ်ဖြစ်ပါတယ်။

အဲဒီဂိတ်ဟာ လူငယ်တွေကို ပေါ်တာဆွဲတာ၊ဖမ်းဆီးပြီး အရှင်လတ်လတ်မီးရှို့ခဲ့တာ ၊တန့်ဆည်မြို့နယ်ကို ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံကိုဖမ်းဆီးပြီး ဇနီးကို အ‌‌ဓမ္မပြုကျင့်သတ်ဖြတ်ပြီး ရွှေငွေတွေ လုယူတာ တွေဆက်တိုက်ကျူးလွန်ထားတဲ့ ဂိတ်ဖြစ်ပါတယ်။

အဲဒီဂိတ်ကြောင့် တော်လှန်ရေးတပ်တွေက ကွင်းလမ်းလုပ်ခဲ့ပေမယ့် ၂၀၂၅မှာ စစ်တပ်က ကွင်းလမ်းကိုပါ စစ်ကြောင်းထိုးထိန်းချုပ်ပြီး ပြန်ထိန်းချုပ်ခဲ့ပါတယ်။

ကားသမားတွေဘက်ကလည်း ကတ္တရာလမ်းပေါ်ကသာ မောင်းနှင်ခွင့်ပေးဖို့ တောင်းဆိုကြတာ ကြောင့် အဲဒီလမ်းကို တော်လှန်ရေးတပ်တွေကခွင့်ပြုပေးခဲ့တာပါ။

၂၀၂၅နှစ်ကုန်ပိုင်းအထိ စံပါယ်နံ့သာဂိတ်ဟာရလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ တွေကြောင့် စစ်သင်တန်းပို့ချိန်ကားပေါ်က ခုန်ချခဲ့တဲ့လူငယ်တွေကို မကြာခဏ တော်လှန်ရေးတပ် တွေကယ်ထုတ်ခဲ့ရတာတွေလည်းရှိပါတယ်။

အဲဒီနောက် နာမည်ဆိုးနဲ့အလွန် ကျော်ကြားလာပြီးနောက် စစ်တပ်က အနည်းငယ်ထိန်းရာကနေ ယခုလို အကြမ်းဖက်ဖမ်းဆီးမှုတွေ ပြန်ရှိလာတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook