Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ စပါယ်နံ့သာဂိတ်မှာ စစ်အုပ်စုကကုန်ကားတွေ ဖမ်းနေလို့ ကုန်ကားသမားတွေ အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ကုန်ကားတွေဖမ်းဆီးခံရပြီးတဲ့နောက် ကုန်ကားသမားတွေဟာ ကွင်းလမ်းကို အသုံးပြုသွားလာနေရတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း တနေရာမှာ ကားတွေလမ်းပိတ်ဆို့မှုဖြစ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၃၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ကုန်ကားတွေဖမ်းဆီးခံရပြီးတဲ့နောက် ကုန်ကားသမားတွေဟာ ကွင်းလမ်းကို အသုံးပြုသွားလာနေရတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီက စစ်တပ်နဲ့ပျူစောထီး ပူး ပေါင်းထိုင်ထားတဲ့ အဲဒီဂိတ်မှာ ကုန်ကားအစီးရေ ၁၀၀ ကျော်ဖမ်းဆီးပြီး ကန့်ဘလူမြို့အတွင်း မောင်းခိုင်းကာ ကုန်တွေသိမ်းယူခံရပြီးနောက်ယခုလို ကွင်းလမ်းကို သုံးလာတာလို့ သိရပါတယ်။

“အကုန်ကွင်းလမ်းကိုသုံး နေကြပြီ။စစ်တပ်က သူတို့ ကုန်ပစ္စည်းပျက်တိုင်း ဒီလိုလုပ်နေမှာပဲ။သွားရဲတဲ့ကားသမားသွားကြ ပေါ့။ဒါရှိတာပဲ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်နဲ့ သင်္ဃန်းဝတ်ဝါသဝရဲ့ ပျူစောထီးတွေအထိုင်ချထားတဲ့ ကန့်ဘလူမြို့မှာ ကုန်ပစ္စည်းနဲ့ ဆေးဝါးပျက်လပ်ခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်နဲ့ ရိက္ခာချပေးရာမှာလည်း စစ်တပ်အရာရှိအကြီးပိုင်းတွေအတွက်သာပါပြီး ပြည်သူတွေအတွက် မပါတာမို့ ယခုလို ပျူစောထီးတွေနဲ့ စစ်တပ် ခြိမ်းခြောက်ဖမ်းဆီးတာတွေလုပ်လာတာလို့ မြေပြင်ကင်းထောက်အဖွဲ့ကလည်း ပြောပါတယ်။

“တချို့ကားသမား တွေကလမ်းပိတ်တယ်ဆိုတာကို တော်လှန်ရေးဘက်က ပိတ်တယ်ထင်နေတာ။ဟိုဘက်ကဖမ်းလိုက်ရင် ဘာမှလုပ်ပေးလို့မရဘူး။စကစက ရှင်းတယ်။သူတို့ငတ်လာရင်ထွက်လုမှာပဲ။အခုလည်း ဖမ်းသွားတယ် လေ”လို့ မြေပြင်ကင်း ထောက်အဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

စံပါယ်နံ့သာဂိတ်ဟာ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ပျူစောထီးတွေ‌‌ ပူးပေါင်းအထိုင်ချထားတဲ့ ဂိတ်ဖြစ်ပါတယ်။

ဒီဂိတ်မှာ လူငယ်တွေကို ပေါ်တာဆွဲတာ၊ဖမ်းဆီးပြီး အရှင်လတ်လတ်မီးရှို့ခဲ့တာ ၊တန့်ဆည်မြို့နယ်ကို ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံကို ဖမ်းဆီးကာ ဇနီးကို အ‌‌ဓမ္မပြုကျင့်သတ်ဖြတ်ပြီး ရွှေငွေတွေ လုယူတာ တွေဆက်တိုက်ကျူးလွန်ထားတဲ့ ဂိတ်ဖြစ်ပါတယ်။

၂၀၂၅နှစ်ကုန်ပိုင်းအထိ စံပါယ်နံ့သာဂိတ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် စစ်သင်တန်းပို့ချိန် ကားပေါ်က ခုန်ချခဲ့တဲ့လူငယ်တွေကို မကြာခဏ တော်လှန်ရေးတပ် တွေ ကယ်ထုတ်ခဲ့ရတာတွေလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook