Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်က အရပ်သားနေထိုင်ရာကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ အချို့သေဆုံးထိခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မတ်လ ၇ရက် နေ့လည်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး တစ်ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဖားကန့်ဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Naw Tu Awng

မတ်-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မတ်လ ၇ရက် နေ့လည်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး တစ်ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

မတ်လ ၇ရက် နေ့လည် ၁နာရီကျော်အချိန်မှာ ဖားကန့်မြို့နယ် တာမခံဒေသရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသသတင်းရင်းမြစ်အချို့က စစ်တပ် လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်မှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီ ရုပ်သံမှာဗုံးလာကြဲသွားတဲ့ လေယာဉ် ပျံဝဲနေမှုနဲ့ ဗုံးကြဲခံရလို့ထိခိုက်ပျက်စီးမှု အခြေအတွေကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲခံရလို့ တစ်ဦးသေဆုံးပြီး ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရုပ်သံမှာ ပြောကြားတာကို ကြားရပါတယ်။

” ဒီနေရာက ဘာမှရဲဘော်တွေနေတဲ့နေရာလည်း မဟုတ်ဘူ ဘလိုင်းကြီးဆော်သွားတာ။ပြည်သူတွေပါဗျာ ဘာမှလည်း မဆိုင်ပါဘူး အလကားနေ အလကား လာချသွားတာ စခန်းလည်းမဟုတ်ဘူး တပ်လည်းမဟုတ်ဘူး ပြည်သူတွေနေတဲ့နေရာကိုလာချသွားတာ။ ဒါကတော့ လုံး၀ရှုတ်ချတယ်ပေါ့ဗျာ။”ဟု အမျိုးသားတစ်ဦးက ပြောတာကို ကြားရပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကလည်း ဖားကန့်ဒေသ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပြည်သူ ထိခိုက်သေဆုံးရှိတယ်လို့ ပြောပါတယ်။

ပြည်သူတွေနေတဲ့နေရာကို ဗုံးကြဲလို့ နေအိမ် ပျက်စီးခဲ့သလို သေဆုံးမှုနဲ့ ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ကိုဂျေကော့က ပြောပါတယ်။

စစ်တပ်ရဲ့ ပြည်သူနေထိုင်ရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်နေမှု လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း KHRWက ပြောပါတယ်။

အခုအချိန်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးဟာ လုံး၀ ကင်းမဲ့နေတဲ့ အခြေအနေ ရောက်နေပြီဖြစ်လို့ ပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် စစ်ကောင်စီကို အမြန်ဆုံး အရေးယူဆောင်ရွက်ရန် လိုအပ်နေကြောင်းလည်း KHRW ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲထားခြင်းမရှိတဲ့ ပြည်သူနေထိုင်ရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်လို့ ပြည်သူတွေ အနေနဲ့ လေကြောင်းရန် ပိုသတိထားဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။