Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ညောင်လေးပင်မြို့နယ်ကိုစစ်​ကြောင်းထိုး ပြည်သူဆယ်ချီသတ်ပြီး ဒေသခံ ၁၀၀ခန့်ကို ဖမ်းထား

စစ်တပ်စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှာ ဒေသခံ ပြည်သူ ဆယ်နဲ့ချီအသတ်ခံရသလို ​ဒေသခံ ၁၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

(KNU တပ်မဟာ ၃ နယ်မြေအတွင်းက စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - KNU

မတ်-၈၊ ၂၀၂၆။ ဒလပန်း/People’s Spring

စစ်တပ်စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှာ ဒေသခံ ပြည်သူ ဆယ်နဲ့ချီအသတ်ခံရသလို ​ဒေသခံ ၁၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံအချို့က​ပြောပါတယ်။

မတ်လ ၅ ရက် မနက် ၇ နာရီအချိန်ကစပြီး အင်အား ၄၀၀ ဝန်းကျင်ရှိတဲ့ စစ်တပ်စစ်ကြောင်းဟာ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းနဲ့ ​ကျောင်းကုန်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်ကစစ်ကြောင်းထိုးရင်း​ရွာ​တွေကကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၃၀ နီးပါးကိုသတ်ဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။​သတ်ဖြတ်ခံရတဲ့ပြည်သူ​တွေထဲမှာ က​လေးငယ် ၊အမျိုးသမီး ၊ရဟန်း​တော်​တွေပါ ပါဝင်တယ်လို့ ဖြစ်စဥ်သိတဲ့အခြားရွာက​ဒေသခံတဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် ​​စစ်တပ်ကဖမ်းဆီးသတ်ဖြတ်တာခံရတဲ့ ​​ရွာ​တွေက​ဒေသခံ​တွေကိုဆက်သွယ်​မေးမြန်းဖို့ခက်ခဲ​နေတာ​ကြောင့်အ​သေးစိပ်အ​ခြေအ​နေကို​တော့ မသိရ​သေးပဲ စုံစမ်း​နေဆဲဖြစ်ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးချိန်မှာ ကျေးရွာအတွင်း ပိတ်မိနေတဲ့ ဒေသခံ ၁၀၀ နီးပါးကို စစ်တပ်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာလည်းဖြစ်ပါတယ်။

“စစ်ကြောင်းထိုးတဲ့ချိန်မှာ ပိတ်မိသွားကြတာ။ ၁၀၀နီးပါးလောက်ရှိတယ်။ တချို့ကိုကြတော့ တခြားသူတို့အထိုင်ချထားတဲ့ ရွာတွေကို ခေါ်သွားကြတာမျိုးရှိတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ရေတွင်းကုန်းနဲ့ ​ကျောင်းကုန်းကျေးရွာအပါအဝင်အနီးနာရွာ ​တွေက ပြည်သူနေအိမ်က ပစ္စည်းတွေကိုလည်း ခိုးယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” ဖမ်းခံထားရတဲ့သူတွေဆီက ဖုန်းတွေယူတာရှိတယ်။ နောက်ပြီး ရွာမှာကျန်ခဲ့တဲ့ စပါးတွေ ပဲတွေနဲ့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ခိုးယူပြီး ရောင်းနေကြတာ”လို့ပြောပါတယ်။

စစ်တပ်ဟာ ညောင်လေးမြို့နယ်ကို မြေပြင်အင်အားအလုံးအရင်းအပြင် လေကြောင်း ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပါ တပြိုင်တည်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကြောင်းထိုးနေတဲ့နေရာအနီးဝန်းကျင်ကိုလည်း ပိန်းဇလုတ်မြို့အခြေစိုက် ခမရ ၂၆၄ တပ်ရင်း၊ ပဲနွယ်ကုန်းမြို့ ၊ ရွှေဝါကျေးရွာအခြေစိုက် ခမရ – ၃၀၇ တပ်ရင်းနဲ့ ကျောက်တံခါးမြို့မှာတပ်စွဲထားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ကြတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွါးနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အခုလို စစ်တပ်က စစ်ကြောင်းထိုးတာအပြင် ဒေသခံတွေကိုပါ ဖမ်းဆီး သတ်ဖြတ်နေတာကြောင့်ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ခရုကုန်း၊ အင်ကုန်း၊ ကျေးရွာအပါအဝင် ကျေးရွာ ၉ ရွာက ဒေသခံ ထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ညောင်လေးပင်မြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေလည်းဖြစ်ပါတယ်။

ညောင်လေးပင်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး KNU ဘက်ကတော့ ဒီကနေ့ မနက်ပိုင်းထိ တစုံတရာထုတ်ပြန်ထားတာမျိုးမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook