Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ ၂၀၀၈ခြေဥအသက်သွင်းမှုကို နည်းပေါင်းစုံနဲ့ ဆက်ဆန့်ကျင်မယ်လို့ မွန်တော်လှန်ရေး အင်အားစုတွေပြော

မွန်တော်လှန်ရေးအင်အားစုတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်သွင်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ဆန့်ကျင်သွားမှာ ဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး အတွက် ဘုံသဘောထားချမှတ်ထားကြောင်း မွန်တော်လှန်ရေးဖိုရန် ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ပြောပါတယ်။

(မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF)

မတ်-၁၃၊ ၂၀၂၆။ထားမြတ်/People’s Spring

မွန်တော်လှန်ရေးအင်အားစုတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်သွင်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ဆန့်ကျင်သွားမှာ ဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး အတွက် ဘုံသဘောထားချမှတ်ထားကြောင်း မွန်တော်လှန်ရေးဖိုရန် ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ(စစ်အာ ဏာရှင်တိုက်ဖျက်ရေး) (NMSP/AD)၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)၊ မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC)၊ မွန်အရပ်ဘက်အဖွဲအစည်းတွေ၊ သံဃာတော်တွေနဲ့ လေ့လာသူတွေ တက်ရောက်ခဲ့တဲ့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ ၉ရက်ကနေ ၁၁ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး ဖိုရမ်ရဲ့ သဘောထားကြေညာချက်နဲ့ပတ်သက်ပြီး ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ဒီကနေ့ မတ် ၁၃ရက်မှာ အခုလို ပြောပြခဲ့တာပါ။

ဖိုရမ်မှာ တူညီတဲ့ ဘုံရည်ရွယ်ချက် ၅ချက်၊ စစ်တပ်ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် အုပ်ချုပ်ရေးအဖွဲနဲ့ ပတ်သက်တဲ့ သဘောထား ရပ်တည်ချက် ၂ချက်၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဆိုင်ရာ ရပ်တည်ချက် ၂ချက်တိုကို သဘောတူခဲ့ရာ စစ်တပ်ရွေးကောက်ပွဲက ပေါ်လာမယ့် အုပ်ချုပ်ရေးအဖွဲ့နဲ့ ပတ်သက်တဲ့ သဘောထားကို အခုလို ရှင်းပြခဲ့တာပါ။

Public Service Announcement

Public Service Announcement

” မွန်တော်လှန်ရေးဖိုရမ်မှာ ၂၀၂၅ ရွေးကောက်ပွဲက အတုအယာင်ရွေးကောက်ပွဲဖြစ်ပြီး ရွေးကောက်ပွဲကနေထွက်လာတဲ့ ပြည်ထောင်စုနှင့်ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေကို အသိအမှတ်မပြုတဲ့အပြင် အဲဒီအုပ်ချုပ်ရေးအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံကိုအသက်သွင်းတဲ့သူတွေဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာရှိပါတယ်။တဆက်တည်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း ၂၀၀၈ ကိုဖျက်သိမ်းပြီး၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲဖို့ဖြစ်ရမယ်ဆိုတဲ့ ဘုံသဘောထားရပ်တည်ချက်တွေလည်း ချမှတ်နိုင်ခဲ့ပါတယ်” လို့ မိရော့ချမ်းက ပြောပါတယ်။

မနေ့က ထုတ်ပြန်တဲ့ ဖိုရမ်ကြေညာချက်မှာလည်း စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေး အဖွဲကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း အသိပေးထားပါတယ်။

အခု မွန်တော်လှန်ရေးဖိုရမ်မှာ တက်ရောက်ခဲ့တဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာအခြားသော မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး စစ်တပ်ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတဲ့ ကာလမှာလည်း စစ်ရေးနည်းနဲ့ စစ်တပ်ရွေးကောက်ပွဲ လက်မခံကြောင်း ဖော်ပြခဲ့ကြတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။