Connect with us

Hi, what are you looking for?

သတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ တို့ လွှဲ​ပြောင်း​ရေး​ဆွေး​နွေးမှု ရလဒ်ကောင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်တွေ တွေ့ဆုံပြီး လွှဲပြောင်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတာမှာရလဒ်ကောင်းတယ်လို့ တာဝန်ရှိသူက​ပြော
ပါတယ်။

(NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကတာဝန်ရှိသူ​တွေ ​တွေ့ဆုံကြစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-စစ်ကိုင်းဖက်ဒရယ်ယူနစ်)

မတ်-၁၃၊ ၂၀၂၆။ People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်တွေ တွေ့ဆုံပြီး လွှဲပြောင်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတာမှာရလဒ်ကောင်းတယ်လို့ တာဝန်ရှိသူက​ပြော
ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၁ရက်မှာ အွန်လိုင်းကနေ ကျင်းပခဲ့တာလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်ထောင်စု ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ပြည်ထောင်စု ဖက်ဒရယ်ရေးရာ ဝန်ကြီး ဒေါက်တာဆလိုင်းလျန်မုန်း၊ ဒုတိယ ဝန်ကြီး ဦးကျော်နီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦး၊ ဒုတိယ ဝန်ကြီးချုပ် ဒေါက်တာ အောင်နေဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ယူနစ်/ပြည်နယ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှ ဦးကျော်စွာ၊ ဦးတိုးကျော်လှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ရလဒ်လည်း ကောင်းပါတယ်။ လွှဲပြောင်းပေးရေး အရေးကိစ္စတွေကို ဆွေးနွေးတာပေါ့။ ဘယ်လိုမျိုး လွှဲပြောင်းမလဲ။ တချို့ကိစ္စတွေဆိုလည်း အတိုင်းအတာတစ်ခုအထိ ပူးပေါင်း လုပ်တဲ့ ကိစ္စတွေ ဒါတွေကို ဆွေးနွေးကြပါတယ်။ တကယ်ကို ယူနစ်ကို ယူနစ်က လုပ်ရမယ့် ကိစ္စ၊ တချို့ကိစ္စတွေကလည်း တော်လှန်ရေးကာလမှာ လက်ရှိပြည်ထောင်စုကစပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စတွေလည်းရှိတာပေါ့နော်။ အဲဒီတော့ တော်လှန်ရေးနဲ့ အညီရော၊ ဖက်ဒရယ်စနစ်နဲ့အညီရော ဒါလေးတွေ ခွဲသွားရမယ့် ဟာတွေလည်း ခွဲသွားဖို့။ ဒီလိုမျိုးတွေပေါ့။ လွှဲပြောင်းရေးကိစ္စတွေ ဆွေးနွေးဖြစ်ကြပါတယ်။ အဆင်ပြေပါတယ်။ ရလဒ်ကောင်းတွေ ထွက်ပါတယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက People’s Spring ကို ပြောပါတယ်။

ဆွေးနွေးပွဲအခမ်းအနားမှာ ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးနှင့် ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ခရိုင်/မြို့နယ်အလိုက် ဆွေးနွေးအကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဖော်ပြပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့မှ အပိတ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ညနေ (၅) နာရီခန့်မှာ ရုတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။