Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်တပ်ကို ဖားကန့်ပြည်သူတွေ ဆန္ဒပြ

မြစ်ဆုံစီမံကိန်းကိုဆန့်ကျင်​ကြောင်း ၊ပြည်သူအားလုံးစစ်အာဏာရှင်ကိုဆန့်ကျင်ရန်​​ကြွေး​ကြော်

မတ်-၁၇၊၂၀၂၆။ သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မှော်လှည့် သပိတ်က နိုင်ငံတဝန်းကပြည်သူတွေကို နေ့စဉ် ဗုံးကြဲ သတ်ဖြတ်နေတဲ့ စစ်တပ်ကို ဆန့်ကျင်ကြောင်း ဒီကနေ့ (မတ်လ ၁၇) နံနက်ပိုင်းက ဖားကန့်မှော်ဒေသ တနေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဖားကန့်ပြည်သူတွေက “ပြည်သူသာအဓိက မည်သည့် အာဏာရှင်စနစ်မှ အလိုမရှိ”၊ “အပြစ်မဲ့သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ် အလိုမရှိ”၊ “စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” ဆိုတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် “ဗုံးကြဲလူသတ် မုဒိမ်းတပ် လူထုအားနဲ့ အမြစ်ဖြတ်” ၊ “ဗုံးကြဲလူသတ် ဖက်ဆစ်တပ် အမြစ်ပြတ်ချေမှုန်း အတူစုရုံး” ၊ “မြစ်ဆုံ စီမံကိန်း အလိုမရှိ” ၊ “တရားမဝင် မင်းအောင်လှိုင် အစိုးရကို ပြည်သူအားလုံး ဆန့်ကျင်ကြ” ၊ “ပြည်သူအားလုံး သွေးမအေးပဲ စစ်အာဏာရှင်ကို ဆန့်ကျင်ကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် (ဖားကန့်မြို့နယ်)

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။