Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ သရက်နှစ်ခွဂိတ်ကို တော်လှန်ရေးတပ်တွေ ဗုံးသီး ၁၀၀ကျော်ကြဲ တိုက်ခိုက်

သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကာလမှာ သရက်နှစ်ခွ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး သရက်နှစ်ခွဂိတ် တိုက်ခိုက်ခဲ့မှု မှတ်တမ်း ရုပ်သံ ဖော်ပြပါတယ်။

မတ်-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကာလမှာ သရက်နှစ်ခွ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး သရက်နှစ်ခွဂိတ် တိုက်ခိုက်ခဲ့မှု မှတ်တမ်း ရုပ်သံ ဖော်ပြပါတယ်။

ဝင်း၀ တပ်စခန်းကို ဖေဖော်ဝါရီ ၇ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က စတင်ထိုးစစ်ဆင်ခဲ့ရာ မတ်လ ၁၁ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီကာလမှာ သရက်နှစ်ခွဂတ်ကို ဒရုန်းနဲ့ ဗုံးအလုံး ၁၀၀ ကျော် အသုံးပြုပြီး နေ့ည တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဖော်ပြခဲ့တဲ့ ရုပ်သံမှာလည်း သရက်နှစ်ခွဂိတ်က စစ်ကောင်စီ တပ်စွဲရာနေရာ အဆောက်အဦးတွေ ပျက်စီး၊မီးအောင်အောင် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလည်းတွေ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိမရှိ အခြေအနေ ဖော်ပြမထားလို့ မေးမြန်းနိုင်ဖို့T5 Wings တပ်ဖွဲ့ထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကို T5 Wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီနောင်စစ်ကြောင်း PBDFဒရုန်းတပ်ဖွဲ့၊ Dragon Squad 2 TNI ဒရုန်းတပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။

အဲဒီဒရုန်းတပ်ဖွဲ့တွေဟာ ဝင်း၀ စခန်းသိမ်းတိုက်ပွဲမှာလည်း အတူတကွ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဝင်း၀ စခန်းဟာ အင်အား ၁၀၀ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းဖြစ်ပြီး တစ်လကျော်ကြာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ကျော်သေဆုံးကာ လက်နက် အလက် ၄၀ ကျော်သိမ်းရခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ပြောပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၀ ကျော်ရှိပြီး လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံသေဆုံးတာ လက်နက်တွေ သိမ်းရတာတွေရှိတယ်လို့ အသိပေးပါတယ်။

ဝင်း၀တပ်စခန်းလို စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်သွားဖို့ရှိတယ်လို့လည်း စခန်းသိမ်းတိုက်ပွဲပါဝင်ခဲ့တဲ့ PDF တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ သရက်နှစ်ခွဂိတ်ကို တော်လှန်ရေးတပ်တွေ ဗုံးသီး ၁၀၀ကျော်ကြဲ တိုက်ခိုက် မတ်-၁၇၊ ၂၀၂၆။ ထားမြတ်/People’s…

Posted by People's Spring on Tuesday 17 March 2026

ရုပ်သံ – T5 Wings

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။